Ep-13 Zawgyi

2.1K 122 23
                                    

လေထု​တောင် လုံးဝ ပူပြင်း​လွန်းလာသလိုပဲ
Lisa ဒီ အ​ခြေအ​နေကြီးမှာ လုံးဝမ​နေချင်ဘူး

"unnie က lisaကို ဘာလို့ချစ်တာလဲ?"

"Chuက liliကိုချစ်ရတဲ့အ​ကြောင်းပြချက်မရှိဘူး
အဲ့ဒါက မင်းဖြစ်​နေလို့ကို chuချစ်တာ က​လေးငယ်"

ဘားမှ ပြန်​ပြောစရာစကားမရှိခဲ့ဘူး
ပြောရမယ်ဆိုရင်​တောင် lisaဘာ​​ပြောနိုင်မှာမို့လဲ

"Chu အလျင်မလိုဘူး
ဒါ​ပေမယ့် အချိန်တစ်ခုမှာ​တော့
က​လေးငယ်ရဲ့အနားရှိသူက chuပဲဖြစ်ချင်တယ်"

"အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး unnie!
Lisa အချစ်ဆိုတာကို ထပ်ပြီး မပတ်သတ်ချင်​သေးဘူး"

"ဘာလို့လဲ?
Jennie Kimဆိုတဲ့မိန်းက​လေး​ကြောင့်လား?"

Liliက ပြတ်သားလွန်းတယ်
ဒါ​ပေမယ့် အဲ့အရာကို chuလက်မခံချင်ဘူး

"အင်း ဟုတ်တယ်"

"Lili!"

"သိပြီးသားမှတ်လား?
အဲ့ဒါဆို ချစ်တယ်ဆိုတဲ့စကား​တောင်​ပြောဖို့
မသင့်တာ unnieအ​စောတည်းက သိသင့်တယ်"

မခိုင်​တော့တဲ့ဒူး​တွေက သဲပြင်​ပေါ်ကို
ဆွဲချသွားပြီး chu အဲ့​နေရာမှာတင် ထိုင်ချမိလိုက်တယ်

ပုခုံးနှစ်ဖက်ကို လာကိုင်​​ပေးပြီးကြည့်လာတဲ့
Liliရဲ့ မျက်ဝန်း​တွေက တကယ့်ကိုမှ သာမန်ပါပဲ

"Chu ဘယ်လိုလုပ်ရမလဲ Lili?
အရမ်းချစ်မိသွားတာမို့ ဘယ်လိုလုပ်ရမလဲ?"

Kim Jichuဆိုတာ အရမ်းstrongဖြစ်လွန်းတဲ့ မိန်းမ
ဒါ​ပေမယ့် အဲ့ဒါက Lili​ရှေ့မှာ​တော့ မဟုတ်​နေပြန်ခဲ့ဘူး
အဆက်မပြတ်ကျလာတဲ့ မျက်ရည်​တွေက ရပ်လို့မရသလို
ပုခုံးကလည်း ရှိုက်လွန်းလို့ တသိမ့်သိမ့် တုန်တက်​နေခဲ့တယ်

"​တောင်းပန်ပါတယ် unnie!
တစ်​နေ့​​နေ့မှာ မှန်ကန်တဲ့သူကို ​တွေ့လာမှာပါ
အဲ့ဒါ​ကြောင့် ​မေ့လိုက်ပါ​တော့"

နှစ်သိမ့်​ပေးရုံပဲတတ်နိုင်မှာမို့
unnieကို ​ပွေ့ဖက်ထား​ပြီး​တော့
ကျောကုန်းကို ပုတ်​ပေး​နေလိုက်တယ်

"Chu​ကြောင့် lili ဘယ်​တော့အခါမှ
မခက်ခဲ​စေရဘူးလို့ ကတိ​ပေးပါတယ်
မေ့ဖို့​တော့ မ​ပြောပါနဲ့ "

So far away(Completed)Kde žijí příběhy. Začni objevovat