Ep-9 Zawgyi

2.4K 121 14
                                    

"Jennie!"

အိမ်ထဲမ​ရောက်​သေးဘူး
ခြံအပြင်က​နေ ​အော်လာတဲ့ Joyရဲ့အသံက
တကယ့်ကို နားထဲစူးခနဲ့ပဲ

Ph သုံး​နေတာရပ်လိုက်ပြီး
နောက် လှည့်ကြည့်လိုက်​တော့
ဧည့်ခန်းထဲကို အ​ပြေးအလွှားဝင်လာတဲ့ Joy...

"Uncle မရှိဘူးလား?"

"အလုပ်ကိစ္စရှိလို့ ခရီးသွားတယ်
ဒါနဲ့ နင်ခုလို အ​မောတကြီးလာတာက
ငါ့dady ရှိလား မရှိလားဆိုတာ ​မေးချင်လို့လား?"

"ဟင့်အင်း
ငါ ထိုင်ပါရ​​စေဦး"

Jennie ​ရှေ့က ထိုင်ခုံမှာဝင်ထိုင်ပြီး
အ​မော​ဖြေ​နေတဲ့သူကို မျက်​စောင်းပစ်ထိုးလိုက်တယ်

"ဘာကိစ္စလဲ?
မြန်မြန်​ပြော ငါ့မှာအချိန်မရှိဘူး"

"နင်ဘာလုပ်စရာရှိလို့လဲ?"

"ငါ အလုပ်အတွက် စုံစမ်း​နေတာ​လေ"

"Uncle ဆီမှာ မလုပ်ဘူးလား?"

"Dady ဆီမှာ မလုပ်ချင်ပါဘူး
အပြင် companyတစ်ခုခုမှာ ငါလုပ်ချင်တာ"

"အာ့ဆို အ​တော်ပဲ
ငါ အခုလာတာလည်း အဲ့အလုပ်ကိစ္စပဲ"

မျက်လုံး​တွေက အ​ရောင်လက်​နေပြီး
အသက်ရှူသံပုံမှန်မဟုတ်တဲ့ Joy ကိုကြည့်ပြီး
တစ်ခုခုကို အကူအညီ​တောင်း​တော့မယ်ဆိုတာ
jennie ရိပ်မိလိုက်တယ်

"​ပြော နင့်အရှုပ်အထုပ်ကို"

"ငါ့အရှုပ်မဟုတ်ပါဘူးဟ
ဒီလိုဟာ...
ငါ့ momyက သူ့အသိ သမီးရဲ့ companyမှာ
အလုပ်တစ်​နေရာကို ငါ့အတွက်​ပြော​ပေးထားတယ်"

"အဲ့​တော့?"

"နင်သိတဲ့အတိုင်း
ငါက oppaရဲ့Companyမှာအလုပ် လုပ်နေတာ​လေဟာ
အဲ့​တော့ ငါ့နာမည်နဲ့ နင်အစား အလုပ်ဝင်​ပေးပါလား?"

"နင်ရူး​နေလား?"

အော်ပစ်လိုက်တယ်
Joy က တကယ့်ကို နာမည်နဲ့လိုက်​​အောင်
အမြဲ​ပျော်​ပျော်​နေ ​ပေါ့​ပေါ့​တွေးတတ်သူပါ

ခုကိစ္စက အခန့်မသင့်ရင်
ဒုက္ခ​ရောက်သွားနိုင်တာ သူမသိတာများလား

"Arrrrr!
ဖြေး​ဖြေး​​အော်ပါ ​ချေပုရာ
ငါ အဲ့က CEO နဲ့ ​ပြောပြီးပါပြီဟ
သူက ငါနဲ့ ငယ်ငယ်တည်းက ရင်းနှီးတယ်
နင် ငါ့ကို ကူညီ​ပေးမယ်မှတ်လားဟင်?
နော်?"

So far away(Completed)Where stories live. Discover now