Ep-4 Zawgyi

2.4K 134 5
                                    

Chae တစ်​ယောက် Jennie နဲ့စကား​ပြောပြီး 
ဆေးရုံအပြင်ကိုထွက်လာ​တော့
ကားနားမှာရပ်ပြီး ph ​ပြော​နေတဲ့ lisa

Lisa ပုံစံက တစ်ခုခုကိုစိုးရိမ်​နေတဲ့ပုံစံမို့
chae သူမအနားကိုသွား​တော့
Ph ကကျသွားပြီထင်တယ်

"ဘာဖြစ်လို့လဲ lisa?"

"Dady နှလုံး​ရောဂါပြန်ထလာလို့ 
ဆေးရုံတင်လိုက်ရတယ်တဲ့
ငါ BangKok ကိုအမြန်လိုက်သွားရမယ်"

"ခုချက်ချင်းလား?"

"ဒီ​နေ့​လေယာဉ်ရမယ့်အချိန်ကိုကြည့်လိုက်မယ်
အမြန်​လေယာဉ်နဲ့ငါလိုက်သွားမယ် chae!"

"အင်းပါ
သိပ်လည်းစိတ်မပူ​နေနဲ့ဦး​နော်
ဟိုမှာ နင့်အ​​ဒေါ်​တွေရှိတာပဲ
သူတို့လည်း ​စောင့်​ရှောက်​ပေးမှာပါ"

"အင်း
အဲ့ဒါဆိုနင် company ကိုသွားလိုက်​တော့
ငါမှာထားတဲ့အလုပ်​တွေအတွက် စိတ်ချမယ်​နော်"

"သွားစရာရှိတာ သွားစမ်းပါဟယ်"

"​အေးပါ"

Chaeကို​ပြောပြီးတာနဲ့ taxiငှားပြီး
lisaအိမ်ကိုပြန်လာလိုက်တယ်



~~~~~~~~~~~~~~~~

အိမ်​​ရောက်​တော့ Passport ယူပြီး
လွယ်အိတ်ထဲအဝတ်အနည်းငယ်ထည့်ရင်း
ခေါင်းထဲ​အ​တွေး​ရောက်လာတာက Jennie...

"Lisa!
နင်ရူး​နေပြိပဲ သိလား?
ခေါင်းထဲ​က​နေ ထုတ်ထားစမ်းပါဟာ"

တစ်​ယောက်တည်းအလိုမကျတာ​တွေကို
ငြီးတွားရင်းနဲ့ပဲ အိမ်က​နေထွက်လာခဲ့လိုက်တယ်












~~~~~~~~~~~~~~~~~~~~~


"​ဈေးကွက်စီးပွား​ရေး​အ​ခြေအ​နေက​တော့
အရမ်းကြီး​ကောင်းတယ်လို့လည်းမဟုတ်ပါဘူး
ဒိလိုပဲ အစိုးရအခွန်နဲ့ဆို​တော့
တော်ရုံတိုးချဲ့ဖို့ကထင်သ​လောက်မလွယ်ဘူး​လေ"

"Miss Lisaကလူ​တော်ပဲဟာ
အဲ့ဒါ​တွေက မ​ပြောပ​လောက်ဘူးမှတ်လား?"

"​သေချာတာ​ပေါ့"

Lisa Bangkokကို​ရောက်​နေတာ
1ပတ်​​လောက်ရှိ​နေပြီဖြစ်ပြီး​တော့
Dadyကလည်း အ​တော်​လေး ကျန်းမာလာပါပြီ

So far away(Completed)Where stories live. Discover now