Ep-3 Unicode

4.8K 337 18
                                    

"Lisa!
ထ​တော့​လေ
company သွားဖို့​နောက်ကျ​နေပြီ"

Lisa မိုးလင်းခါနီးမှအိပ်​ပျော်သွားတာ​ကြောင့် ​
chaeရဲ့အသံကြား​​ပေမယ့်ခေါင်း​တွေကိုက်​နေတာ​နဲ့
မျက်လုံး​တွေမဖွင့်နိုင်​သေးဘူး

"ငါ​ခေါင်း​တွေအရမ်းမူး​နေတယ် chae!
ဒီ​နေ့ အလုပ်ကိုငါ​နောက်ကျမှလာခဲ့မယ်"

"အဲ့ဒါဆိုလည်းပြီး​ရော​လေ
ငါက Jennieဆီဝင်ပြီးသတင်း​မေးမလားလို့
နင့်မပါ​တော့လည်း ငါ့ဘာသာ သွားရမှာ​ပေါ့"

"Jennie?"

Lisa အိပ်​နေရာက​နေ jennie ဆိုတဲ့ နာမည်​ကြောင့်
ချက်ချင်းထထိုင်လိုက်တယ်

"နင်တကယ် Jennie ဆီဝင်မှာလား?
ငါလိုက်ခဲ့မယ် ခဏပဲ​စောင့်"

​ပြောပြီးတာနဲ့ကုတင်​ပေါ်က​နေ​ပြေးဆင်းပြီး ​
ရေချိုးခန်းထဲဝင်သွားတဲ့Lisa ကိုကြည့်ရင်း
Rose သ​ဘောကျစွာရယ်လိုက်တယ်

"ငါတို့အပျိုကြီး​တော့မွှန်​နေပြီပဲ"





~~~~~~~~~~~~~~



"Lisa! ဘာ​ဖြစ်​နေတာလဲ? ​
ဖြေ​​ဖြေးသွားစမ်းပါဟာ"

​ဆေးရုံကို​ရောက်​တော့ ​
ရှေ့က​​နေအ​လောတကြီးသွား​နေတဲ့ lisa ​ကြောင့်
Chae လှမ်း​အော်လိုက်တယ်

​ခြေတံရှည်တာချင်းအတူတူ
ဒီ​နေ့ကျမှ သူ့​ခြေ​ထောက်​တွေက
chae ထက်ပိုသွက်​နေတယ်​လေ
chae မှာ ​အ​နောက်က အမီလိုက်ရတာ​ကြောင့်​မော​နေပြီ

​ပြော​တော့မှ သွားဖြဲ ရီပြပြီး chae ကို လာတွဲပေးတဲ့ lisa...

"Chae ကလည်း
ငါပုံမှန်လမ်း​လျှောက်​နေတာပါပဲဟ
မသိမသာ​လေးမြန်သွားတာ"

"Lisa!
နင်က​လေးချီရ​တော့မယ်ထင်တယ်​နော်"

"Hmm?
ဘာလို့လဲဟ?"

"Jennie ဆိုတဲ့ က​လေး​လေးကို ချီရ​တော့မယ်လို့​ပြောတာ"

"နင်ကလည်း"

မျက်နှာကြီးရဲပြီးနီလာတဲ့ lisa ​ကြောင့်
chae သူ့ကို ပိုပြီးစချင်လာခဲ့တယ်

"ကြည့်လုပ်ဦး​နော်
နင်နဲ့ Jennie နဲ့က မလိုက်ပါဘူးဟာ"

"ငါ့တို့က ဘာဖြစ်လို့လဲ?"

So far away(Completed)Dove le storie prendono vita. Scoprilo ora