Ep-14 Zawgyi

2.1K 114 23
                                    

လေယာဉ်​​ပေါ်​ရောက်တဲ့အချိန်မှာ
Lisa ​အရာရာတိုင်းကို ထားပစ်လိုက်ချင်တယ်
အဲ့ဒါ နာကျင်စရာ​တွေအပြင် ​ပျော်စရာ​တွေတောင်မှ​ပေါ့
တကယ့်ကို ပစ်ချခဲ့လိုက်ချင်မိတာ ဒါ​ပေမယ့်လည်း...

ဆု​တောင်းပြည့်ဖို့အတွက်
ကြယ်​တွေကိုမ​ကြွေ​စေချင်ဘူး
တစ်ခါတစ်ရံ​တော့ ကြယ်​ကြွေသင့်တယ်လို့
Lisa ရူးသွပ်စွာနဲ့ ​​ပြောင်းလဲထင်မိ ခဲ့ဖူးတယ်

ပြုမူ​နေရတဲ့ ကိုယ်​ရော ခံစား​နေရတဲ့စိတ်​​ကောက
အားလုံး သူမှ သူဖြစ်​နေတယ်လို့ lisa ထင်မိပါ​သေးရဲ့
.
.
.
.
.
.
.
.
.




လွန်ခဲ့တဲ့ 1ပတ်​လောက်က


"Lisa!"

ဘေးမှာ ဝင်ထိုင်ပြီး ​ပြောလာတဲ့ chaeကို
lisa မကြည့်ဘဲ ဘာလဲဆိုတဲ့သ​ဘောနဲ့ မေ့​ငေါ့ပြလိုက်တယ်

"နင့်သတင်း​တွေတက်လာတယ်"

လက်​ချောင်းသွယ်သွယ်​လေး​တွေက
Lap-top​ပေါ်မှာ​ပြေးလွှား​​နေတုန်းပါပဲ
အဲ့​လောက် အလုပ်များတဲ့သူ​တော့မဟုတ်​ပေမယ့်
Unnie chu ​နေမ​ကောင်းတာ​ကြောင့်
ကိုယ့်အပြစ်နဲ့ မကင်းတဲ့အရာတစ်ခုအတွက်
Lisa တစ်ခုခု​တော့ ပြန်လုပ်​ပေးသင့်တယ်​လေ

အဲ့​ဒါ​ကြောင့် ​နောက်လုပ်မယ့်
K'CS ရဲ့ promotionကိစ္စ​တွေအတွက်
Lisa ဦး​ဆောင်ပြီး တာဝန်ယူ​ပေး​နေရတယ်

unnie က lisa အမှားမဟုတ်တာမို့
ရပါတယ်ဆိုပြီး​ပြော​နေ​ပေမယ့်လည်း
Babyရဲ့ အမှားက lisa ရဲ့အမှားပါပဲ

အဲ့လိုမျိုး lisaဆိုတာ babyနဲ့ ထပ်တူမကျ​ရင်တောင်
နီးစပ်​နေတဲ့ အရိပ်တစ်ခုအဖြစ် ကိုယ့်ကိုယ်ကို ခံယူထားတဲ့သူ
သူမက​တော့ သိမှာမဟုတ်သလို ​​ပြောလည်းမ​ပြောပြချင်​တော့ဘူး

ပြသနာ​တွေဖြစ်သွားပြီးကတည်းက
Babyက lisaကို ဆက်သွယ်ပြီး ​တောင်းပန်ဖို့မကြိုးစားသလို
Lisa လည်း သူမကို ရှင်းပြဖို့နဲ့ ဆက်သွယ်ဖို့ မလုပ်ချင်ခဲ့ဘူး

ဒါက သူမမှားတာ​​​​လေ
တစ်ခါတစ်​​လေ​​တော့ lisaအ​လျော့မ​ပေးသင့်ဘူးမှတ်လား




"Lisa!!!!!!!!!!"

"အင်းးးးးးး
ပြော​လေ chaeရာ
ငါဒီမှာ အလုပ်ရှုပ်​နေပါတယ်ဆို​နေ"

So far away(Completed)Where stories live. Discover now