chapter-0

17K 1.2K 128
                                    

( Unicode )

" ဇာတ်လမ်းလေးက ဒီလိုစတယ် "

Story Title - ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ !

Pairing - Jungkook × Jimin

Story Genre - Romance,Comedy,school life,Yaoi,Fanfiction

ဇာတ်လမ်း အကျဉ်းချုပ်

ပက်ခ်ဂျီမင်းဟာ ရှင်းဘို့ အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အထက်တန်း တတိယနှစ် အခန်း 3C က သာမန် ကျောင်းသားလေး တစ်‌ယောက်ပါ ။
ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုရှိတယ် အဲ့တာက သူ့ရဲ့ ညီမ ပက်ခ်ဂျီယွန်းပါပဲ ၊ ဂျီမင်းသည် ညီမ ကို သိပ်ချစ်ပြီး သိပ်ကို အလိုလိုက်သည့် အစ်ကိုတစ်ယောက်ဖြစ်၏ ။
သူ၏ အချစ်က လွန်ကဲလွန်းသည်ဟု ဆိုရလောက်အောင်ပင် ၊ ညီမ မျက်နှာ တစ်ကမ္ဘာ၊ ညီမ စကားတစ်ခွန်းဆို တစ်ခွန်း မလွန်ဆန်နိုင်သော ညီမရူး ရူးနေသော အစ်ကိုဟုပင် ဆိုလို့ ရလောက်သည်အထိ ။

" ဒါပေမယ့် ညီမ ကြိုက်နေတဲ့ ကောင်လေးကို ညီမအစား ရည်းစားစာ ပေးပေး တာကြီးကတော့ လွန်လွန်းတယ် မထင်ဘူးလား ဗျ !"

ဂျောင်ကုသည် ပေါက်ကွဲမှု အပြည့်ဖြင့် မျက်နှာကြီး နီနီရဲရဲဖြင့် ဆိုလေသည် ။

" ဒီလောကမှာ အဲ့လို အစ်ကိုမျိုး ဘယ်မှာရှိလို့လဲ ?  ကျွန်တော့မှာတော့.... ကျွန်တော့်မှာတော့ "

ဂျောင်ကုသည် စကားဆိုနေရင်းမှ မခံစားနိုင်တော့သည့်နှယ် ရင်ဘတ်ကလေးကို ဖိလို့ ငိုတော့မလို 

" ညီရယ် စိတ်ထိန်းပါ "

ထိုကဲ့သို့ တစ်ယောက်တည်း ငိုချင်းချ ၊ ဒရာမာခင်းနေသော ဇာတ်မင်းသားလေး ဂျောင်ကုကို
ဂျီမင်းက ဝင်ကာထိန်းလေသည် ။ သို့သော် ထိုအခါမှ ဂျောင်ကုက ပိုကာထကြွလို့ လာပေတော့သည်။

" အဲ့လို !.... အဲ့လို ညီလို့လည်း ခေါ်ခဲ့ပြီး
ရည်းစားစာတွေလည်း နေ့တိုင်း လာပေးခဲ့မှတော့ ကျွန်တော်က... ကျွန်တော်က အကို့ကို ကြိုက်မိသွားတော့တာပေါ့လို့ !!! " ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now