အခန်း(၁၂၇)မုမေ့ယန်၏စိန်ခေါ်မှု

2.3K 435 6
                                        

....ဤ အပိူင်းကို typing ကူရိုက်ပေးသောNoa tuskiကို ကျေးဇူးတင်ပါသည်။.

အခန်း(၁၂၇) မုမေ့ယန်ရဲ့ စိန်ခေါ်မှု

ဒီနေ့အ‌ေခြ‌ေနတစ်ခုလုံးကတော့  မတင်မကျ လိပ်ခဲတည်းလည်း အခြေအနေကို ရောက်ရှိလို့လာတယ်။

''ဘာမှထပ်ပြီးစကားတွေ
ပြောနေစရာမလိုဘူး''

ဝင့်ကြွားမောက်မာပြီး အားလုံးကို
ရွံရှာစက်ဆုပ်တဲ့ အမျိုးသမီးတစ်ယောက်အသံက ခန်းမအလယ်ကနေ ထွက်ပေါ်လို့လာတယ်။ပြီးတော့ ခန်းမအလယ် မှာ အနက်ရောင်စက်ဝန်းတစ်ခုက တစ်ဖြေးဖြေး ကြီးပြီး ပေါ်ပေါက်လို့လာတယ်။ဒီအနက်ရောင်စက်ဝန်းဟာ နတ်ဝိဇာတွေသာ အသုံးပြုနိုင်တဲ့ ခရီးသွားမှော်ဂါထာတစ်မျိုးမလို့ ခန်းမထဲမှာရှိတဲ့လူတွေအားလုံးလည်းအထိတ်တလန့်ဖြစ်သွားရတယ်။အနည်းငယ်ကြာတဲ့အခါမှာတော့ ထိုအနက်ရောင်စက်ဝန်းထဲကနေ လူတစ်ယောက်ထွက်ပေါ်လို့လာတယ်။

''ခွန်အားအကြီးဆုံးလူက
စကားကိုပြောခွင့်ရမှာပဲလေ''

ထိုလူရဲ့အပြောက ရင့်သီးနားကလောနေပေမဲ့လို့ ဘယ်သူကမှ သူပြောတာကို ပြန်လှန်ပြီး ခွန်းတုန့်ပြန်ဖို့က စကားတောင်မရှိကြဘူး။ဘာကြောင့်လဲဆိုတော့ ပြောနေတာက နတ်ဝိဇ္ဇာတစ်ယောက်မလို့ လေ။
ဇီမိုတောင်မှ ဘာမှပြန်မပြောနိုင်ဘဲ သူ့ရဲ့ထိုင်ခုံလက်ကိုင်ကိုဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလို့နေမိတယ်။
ထိုအနက်ရောင်စက်ဝန်းထဲကနေ လူတစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတယ်။ထွက်ပေါ်လာတဲ့လူတွေကလည်း ရင်းနှီးနေတဲ့ မျက်နှာတွေချည်းပဲ။ပထမဆုံးတစ်ယောက်က တော့ အနီရောင်ဝတ်စုံရဲရဲကို ဝတ်ဆင်ထားပြီး အပြုံးအေးစက်စက်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်တယ်။
အဖျက်ကောင်ဆိုတဲ့စကားလုံးက မည်းနက်ထင်ရှားလို့ သူမရဲ့နဖူးပေါ်မှာ တံဆိပ်ရိုက်နှိပ်ထားသလိုမျိုး။
မုမေ့ယန်ကလွဲလို့ ဘယ်သူရှိဦးမှာလဲ။‌

ကျူးယောင်တောင်မှ အနည်းငယ်အံ့ဩသွားတယ်။လွန်ခဲ့တဲ့နှစ်တစ်
ရာတုန်းက မုမေ့ယန်က နတ်ဝိညာဉ် အလယ်အလတ်အဆင့်ပဲရှိသေးတာလေ။အခု
တော့ နတ်ဝိဇ္ဇာဖြစ်သွားပြီတဲ့လား။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Nơi câu chuyện tồn tại. Hãy khám phá bây giờ