အခန်း(၁၀၈)ရေခဲထဲက အမြွှာ

7.8K 836 148
                                        

လခွမ်း၊ထိုအရိပ်မည်းက ဘယ်လိုသတ္တဝါလဲ။သူ နတ်ဝိဇ္ဇာဖြစ်ကတည်းက သူ့က်ို ထိခိုက်အောင်လုပ်နိုင်တဲ့အရာဆိုတာ သည်ကမ္ဘာမှာ
မရှိသလောက်ပဲ ။ခုကျတော့ ထိုအရ်ိပ်မည်းရဲ့
အကြည့်တစ်ချက်နဲ့တင် သူ့စိတ်အာရုံနယ်မြေ
ပျက်ဆီးတော့မလို့။

ကျူးယောင်လည်း အသက်ပြင်းရှူသွင်းရှူထုတ်ရင်း စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ရတယ်။ ခဏနေတော့ သက်သာသွားတယ်။
အရ်ိပ်မည်းကို ထပ်လည်းမချောင်းကြည့်ရဲတော့ဘူး။အရိပ်မည်းက မုမေ့ယန်ရဲ့ တကယ့်
ဝှက်ဖဲဖြစ်ရမယ်။ဒါပေမဲ့ သူ့ဝှကိဖဲကြီးက
သိပ်ကြီးလွန်း ကောင်းလွန်းမနေဘူးလား။
တော်သေးတယ် စောစောက သူ့ တည်ရှ်ိမှုနဲ့
အရောင်ဝါကို အသေချာဖုံးကွယ်ထားလို့
မဟုတ်ရင် ဘူးပေါ်သလိုပေါ် မှာ။

ပုံမှန်အတိုင်း ပြန်သက်သာသွားအောင် ကျူးယောင်တစ်ညလုံး ကုယူလိုက်ရတယ်။နောက်နေ့မနက်တော့ သူ့ကို ချီဟန်က လာရှာတယ် ။

ရောက်လာတော့ ချီဟန်က သူ့တပည့်က်ို ကယ်ချင်တာဖြစ်ကြောင်း သေသေချာချာပြောတယ်။ကျူးယောင်လည်း အနည်းငယ်တော့
မှန်းဆမိတယ် ။ချီဟန်ကယ်ချင်နေတာက မုမေ့ယန်ရဲ့ ကမ္ဘာမကြေရန်သူတော် ဇာတ်ဆောင် ယွဲ့ယန်ရှင်း
ဖြစ်ရမယ်။

ချီဟန်က သူ့ကို တလေးတစားပြောရင်းနဲ့
သူတို့ တောင်ဘက်ကြယ်မင်းဂိုဏ်းရဲ့ တောင်နောက်ကို ခေါ်သွားတယ်။တစ်နှစ်ပတ်လုံး
နွေဦးရာသီဖြစ်နေတဲ့ ရှေးဟောင်းတောင်နဲ့မတူဘဲ တောင်ဘက်ကြယ်မင်းဂိုဏ်း တောင်ရဲ့
အရှေ့ခြမ်းက ပူအ်ိုက်နေပြီး အနောက်ဘက်ပိုင်းကတော့ ရေခဲတစပြင်သဖွယ်ပဲ။ သိပ္ပံသမား ကျူးယောင်တောင် သည်လိုဆန့်ကျင်ဖက်နှစ်ခုတွဲတည်ရှိနေတာကို မရှင်းပြတတ်တော့ဘူး။

သူ့ကို ချီဟန်က တောင်နောက်ဘက် မှာတည်ရှိတဲ့ ရေခဲနေခြင်းမရှိတဲ့ ရေကန်ကြီးတစ်ကန်ဆီ ခေါ် လာတယ်။မခဲနေပေမဲ့ ရေပူစမ်းလိုလည်း
မဟုတ်ပြန်ဘူး။

ရေကန်အလယ်မှာ ကြီးမားလှတဲ့ ရေခဲတုံးကြီး
တစ်ခုက ပေါလောမျောနေတယ်။အရောင်စုံနဲ့ လှပတဲ့အရာတစ်ခုက ရေခဲတုံးထဲမှာလှည့်ပတ်နေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Место, где живут истории. Откройте их для себя