အခန်း(၁၁၀)တစ်ခါခေါ် ​မှော်သတ္တဝါ

4K 632 16
                                        


ကလေးကို တစ်ကြိမ်ထပ်ကြည့်မိရင်း
အခန်းထဲက ကျူးယောင် ထွက်လာခဲ့တယ်။
သူ ဒီကိုလာရတဲ့ အကြောင်းရင်းက
တကယ်တော့ ယွဲ့ဟန်ရှင်းကြောင့်သက်သက်ပဲ။ အဖျက်ကောင်ပေါ်ဖြစ်ပေါ် လာရတာလည်း
တစ်ကယိတော့ မုမေ့ယန်နဲ့ ယွဲ့ဟန်ရှင်းကြား
ထိပ်တိုက်တွေ့ဆိုင်မှုတွေကြောင့်ပဲ။သည်ကမ္ဘာ
ပြိုလဲသွားရတဲ့ အပေါ်  နှစ်ယောက်လုံး
တာဝန်မကင်းဘူး၊၊ အစကတုန်းကတော့
ယွဲ့ဟန်ရှင်းကိုလည်း အဖျက်ကောင်လို့
သူ ထင်နေမ်ိတာ။ သို့ပေမဲ့ ယွဲ့ဟန်ရှင်းမျက်နှယက ရှင်းလင်းနေပြီး ဘာစာလုံးမှ font
ကောင်းကောင်းနဲ့ အသေချာပြူးပြဲနေအောင်
ဖော်ပြထားတာမျိုးမရှိဘူး။

ပြောရရင်ရင်တော့ သူ့အနေနဲ့ မုမေ့ယန်
ခြေလှမ်းတွေပဲ သေချာအကဲခတ်ဖို့ လိုတယ်။
အစကတော့ မျကိနှာပြောင်ပြောင်နဲ့ သည်
ဂိုဏ်းမှာ ရက်အတော်ကြာကြာ မပြန်ဘဲ
နေမလို့ပဲ။ သို့ပေသိ မုမေ့ယန်နောက်က
ထူးဆနိးတဲ့ အရိပ်မည်းကြောင့် သွေး
ပွက်ပွက်အန်ပြီးနောက် စိတ်ကူးပြောင်းလိုက်
ရတော့တယ်။

ထိုညက သူ့ကြည့်လ်ုက်တဲ့ အကြည့်တစ်ချက်
ကတင် စိတ်အာရုံနယ်မြေကို ထိခိုက်ပြီး
သေမလို ဖြစ်ခဲ့ရတယ်။

သည်လခွမ်းအရိပ်မည်းက ဘယ်ကကောင်လဲ!

သူ့ဆရာ သာ ရှိနေသေးရင်တော့ဆရာ့
မေးလို့ရနိုင်ပေမဲ့ အခုကျတော့ ဇီမို
ကိုဘဲ ဝေ့ဝိုက်ရင်း ဟိုဟိုသည်သည်နဲ့
အစ်အောက်မေးရတော့တယ်။

ကျူးယောင်လည်း သူ့ ဓားပျံကို ဆင့်ခေ ါ်
လိုက်တယ်။ခဏတာစဉ်းစားပြီးနောက်
အသံသွင်း အဆောင်လက်ဖွဲ့ စာရွက်တစ်ရွက်
ထုတ်ပြီး ကလေးတွေကို သေချာစောင့်​ရှောက်ဖို့ရယ် သူ ထွက်သွားနှင့်ပြီဆိုတာ ရယ်
အသံသွင်းလိုက်ထားလိုက်တယ်။
ပြီးတော့ ကြိုးကြာစာရွက်လေးအဖြစ်
ပြောင်းပြီး ပျံထွက်သွားစေတယ်။ ပြီးမှ
သူလည်း ဓားပျံစီးရင်း ထွက်လာတယ်။

တောင်ဘက်ကြယ်မင်းဂိုဏ်းက
တစ်ကယ်တော့ တောစပ်တစ်ခုနဲ့ထောင့်မှာ
တည်ရှိနေတယ်။သည်တောကလည်း
မှော်သတ္တဝါတွေနေတဲ့ တော။ တောရဲ့
အတွင်းကျအပိုင်းကလည်း မှော်သတ္တဝါ
တွေ စုဝေးရာနေရာပဲ။ရာဇဝငိစကားတွေ
အရတော့ ထိုနေရာမှာ မှော်သတ္တဝါတွေပဲ
ကြီးစိုးလို့ သူတို့ပဲ နေနိုင်တယ်တဲ့။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now