အခန်း(၁၁၇)နှုတ်ဆက်ပါတယ် ဆရာ

3.8K 668 60
                                        

Unicode

ယုယန်က သူ့လက်ထဲက စာလိပ်နက်ကို
တစ်ချက်ကြည့်ပြီး မှ ခဏနေတော့ ရှင်း
ပြတယ်။

''သည် ချိတ်ပိတ်နည်းက ရှေးနတ်ဘုရားများ
ခေတ်ကာလ က ဖြစ်ပုံပဲ ဆရာတောင် အနည်းငယ်ပဲ နားလည်တယ် ချိတ်ပိတ်ထားတာကလည်း သည်လို မှော်သတ္တဝါဆန်းတွေ
အတွက် သီးသန့်ဖြစ်ပုံပဲ ပြီးတော့
ပြန်လည်မွေးဖွားခြင်း ဉပဒေသအနည်းငယ်
တောင် ဒီကနေ ခံစားရတယ်''

ယုယန်လည်း ပြောပြီးနောက် တစ်ခုခုကို တွေးမိပြန်သည့်အလား သူ့ တပည့်ဖြစ်
သူကို ကြည့်တယ်။

'' အဟုတ်ပဲ ... အထဲမှာ တပည့်တစ်
ရက်ပဲနေလိုက်တာ ပြန်ထွက်လာတော့
နှစ်တစ်ထောင် ကုန်လွန်သွားပြီ''

သူ့ရင်ထဲ မြင်းတစ်အုပ်ကြီးဖြတ်ပြေး
သွားသလို ခံစားရတယ်။ကျန်ခဲ့တာတော့
မြင်းချေးတွေပေါ့။အချိန်က နှစ်တစ်ထောင်
ကွာခြားသွားတာပေါ့။

ကျူးယောင်လည်း ဆရာဖြစ်သူကို အထဲမှာ ဖြစ်ပျက်ခဲ့တာ
တွေအကြောင်းစုံ ရှင်းပြလိုက်တယ်။
အလုံးစုံသိပြီးနောက်တော့ ယုယန်မျက်နှာလည်း အလေးနက်ပိုဖြစ်လာတယ်။

'' ကြည့်ရတာ ဒီစာလိပ်နက်က ရှေးနတ်
ဘုရားတွေ ဖန်တီးခဲ့တာ အမှန်ပဲဖြစ်ရမယ်
အထဲမှာ ချိတ်ပိတ်ထားခဲ့တဲ့ သတ္တဝါဆန်းတွေက ရှေးနတ်ဘုရားတွေ အမိန့်မပေးနိုင်တဲ့
အကောင်ဆန်းတွေပဲ ခွန်အားကလည်း နတ်ဘုရားတွေနဲ့
မတိမ်းမယိမ်း ပိုင်ဆိုင်ထားကြတယ်''

သူလည်း နဂါးအရှိန်ဝါလွှတ်ပြီးနောက်
အသည်းသန် ဝိုင်းအမဲဖျက်တာ မဆန်းပါ
ဘူး။ ကျောင်းတော်က ရန်စဟောင်းကိုး။

'' ဒါဆို ဒီစာလိပ်ကို ဘာလုပ်ကြမလဲ''

ဒီအထဲက အကောင်တွေ လွတ်များလွတ်
သွားတဲ့တစ်နေ့ကတော့ မတွေးရဲစရာပဲ။
နယူးယောက်မြို့ထဲ ဂေါ်ဇီလာ ဝင်မွှေသလို
ဖြစ်နေမှာပဲ။

'' စိတ်ပူစရာတော့ မရှိဘူး ဒီစာလိပ်ထဲမှာ
အလိုလို ပျက်စီးစေမယ့် အမှတ်လက္ခဏာ
ထည့်ထားပုံပဲ အချိန်တွေ ဒီလောက်
တောင်ကြာသွားပုံ ထောက်ရင် အထဲက
သတ္တဝါတွေ မရှိလောက်တော့ဘူး
ပြင်ပလောကထက် အခ်ျိန်စီးဆင်းမှု မြန်နေတာကိုက ဒီသတ္တဝါတွေ သတိမထားမိအောင်
စီမံထားတာပဲ သူတို့ကိုယ်တိုင်တောင် ဒီထဲ
ပိတ်မိနေတာ သိပုံမရဘူး''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now