အခန်း(၆)ကျောက်စိမ်းသစ်တောတောင်သို့

9.5K 1.3K 67
                                    

ဆရာသခင်ကို နှုတ်ဆက်ပါတယ်´´

ဂိုဏ်းချုပ်နဲ့ တခြားသူတွေ အားလုံးက အရိုသေပေးရင်း တစ်ညီတည်းနှုတ်ဆက်ကြတယ်။ပြီးတော့ ဂိုဏ်းချုပ်ဦးလေးက

''ဆရာသခင် တစ်ကယ်ပဲ သူမကို တပည့် အဖြစ် လက်ခံမလို့လား´´

အစကသူထင်တာက သူမရဲ့ အသက်ကကြီးနေတာမလို့ အလွန်ဆုံး အတွင်းဆောင် တပည့် အဖြစ်ပဲ လက်ခံမယ်ထင်တာ။ခုလိုတိူက်ရိုက် တပည့်အဖြစ် လက်ခံမယ်လို့ မတွေးမိဘူး။
ဆရာသခင်ဆိုသူက သူတို့တွေကို တညိငြိမ်စွာ ကြည့်ရင်း ပြင်ပေးတယ်။

''ဆက်ဆံသူ တပည့် အဖြစ်´´

''ဘာ..´´

အနီဝတ်အမျိုးသမီးက မယုံနိုင်တဲ့ မျက်နှာနဲ့ ရှေ့တိုးလာပြီး မေးတယ်။

''ဆရာသခင် သူမမှာ ရှားပါးတဲ့ မိုးကြိုးဝိညဉ်သွေးကြော ပိုင်ဆိုငိတယ်ဆိုပေမဲ့ သူ့အသက်က ကြီးနေပြီလေ သူမကို ဆက်ခံသူ အဖြစ် ရွေးတာသင်တော်ပါ့မလား´´

ထိုလူက ချက်ချင်းပဲ အနီရောင်အမျိုးသမီးကို လှည့်ကြည့်ပြီး အေးစက်စက်မျက်နှာသေကြီးနဲ့ပဲ သူ့ရဲ့ သံသယကို ထုတ်မေးလိုက်တယ်။

''မင်း နဲ့ ဘာဆိုင်လို့လဲ´´

အနီရောင်အမျိုးသမီးလည်း ဘာမှပြန်မပြောနိူင်ရှာဘူး။ဘေးမှာ ရပ်နေတဲ့ ကျူ းယောင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။
ဟေ့ ဘာကိစ္စက လာစိုက်ကြည့်ရတာတုန်း။ကိုယ့်ဘာသာ ဒီနား ရပ်နေတာ။ဘာမှ မလုပ်မိပါဘူးရယ်။ရုတ်တရက် သူမ စိတ်တ္တဇဆေးရုံ ရောက်နေသလို ခံစားရတယ်။သောက်ရူးတစ်ယောက်က စိုက်ကြည့်နေလို့လေ။

''ငါ့ကို မင်းဆရာအဖြစ် လက်ခံလိုက်´´

ထိုရေခဲရုပ်လူသားက သူမဘက်ကို သေနတ်ပြန်ချိန်သလို ပြန်ချိန်ပြီး ထပ်ပြောတယ်။

ကျူ းယောင် မျက်နှာကြီးက ချက်ချင်း မည်းသွားတယ်။

''ဒီမှာ လူကြီး ဘာလို့ ကျွန်မ တို့ ဒီကိစ္စ မဆွေးနွေးကြည့်ရတာလဲ..
ဘာလို့ ရှင့်ကိုပဲ ဆရာအဖြစ် အသိမှတ်ပြုရမှာလဲ´´

''မင်းက မိုးကြိုးဝိညဉ်ကြော ပိုင်ရှင်မလို့´´

ရေခဲရုပ်လူသားက အေးစက်စက်နဲ့ ပြောပြတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now