အခန်း(၄၂) လံကြုတ်ဇာတ်လမ်း

8.2K 979 92
                                        

42

သူမ သွားတဲ့ လမ်းတစ်လျှောက်မှာ ဂိုဏ်းသားတွေ နှစ်ယောက်တွဲ သုံးယောက်တစ်တွဲ တွေ့ရတယ်။

သူတို့ကြည့်ရတာ တစ်နေရာရာကနေ ပြန်လာသလိုပဲ။စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကြုံတွေ့ခဲ့ရပုံနဲ့ သူတို့ မျက်နှာတွေက စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေပြီး လမ်းလျှောက်ရင်း စကားပြောနေကြတယ်။

''စောစောက တိုက်ပွဲက တကယ့်ကို ရင်သပ်ရူမောဖွယ်ရာပဲ''

''အရှင်သခင်မရဲ့ ဆက်ခံသူ တပည့်ဖြစ်တယ်ဆိုတာနဲ့အညီပဲ ဦးလေးရှောင်ရီရဲ့ တိုက်ခိုက်တာက တကယ့်ကို အမြင်ကျယ်စေတယ်''

''ပြိုင်ဘက်က အတော်ညံ့တယ်လို့ ငါထင်တယ် သူက ဦးလေး ရှောင်ရီကို မခုခံနိုင်ဘူး''

''သို့ပေမဲ့ သူ့ပြိုင်ဘက်က ခုမှ အခြေတည်ဆင့်ပဲ ရှိသေးတာကို...ပြန်မခုခံနိုင်တာ
မဆန်းဘူး...''

''ဒါပေမဲ့ ဦးလေး ရှောင်ရီက တိုက်ကွက် တစ်ကွက်ပဲ ထုတ်တာ တစ်ကွက်ထဲနဲ့
အနိုင်ယူနိုင်တယ်.
ဲပြီးတော့ ငါ ကြားမိသလောက်ဆိုရင် ဦးလေး
ရှောင်ရီက ခုဆို ဓားသဏ္ဌာန်ကို နားလည်နေပြီတဲ့.ပြီးတော့ ဦးလေး ရှောင်ရီက ဒီမတိုင်ခင် အပြင်ဆောင် တပည့်ဆိုတဲ့
ကောလဟလလည်း ကြားသေးတယ်''

''ဦးလေး ရှောင်ရီက အပြင်ဆောင် တပည့်ဖြစ်တော့လည်း ဘာအရေးလဲ..အချိန်ကြာလာရင်
ဟို ကျောက်စိမ်းသစ်တောတောင် ပိုင်ရှင်လူကြီးကိုတောင် မှီလာမှာပဲ''

(TN:😤 အိပ်မက်ဆက်မက်နေ...)

''ဟား ဟား..မင်း ပြောတာ မှန်တာပဲ..အာ.
.ကြည့်ဦး..ဟိုမှာ ဦးလေး ရှောင်ရီ
လာနေပြီ...''

ကျူ းယောင်လည်း သူတို့ ပြောနေတဲ့လူက
ရှောင်ရီဆိုတာ သိပြီးတော့ သူမလည်း မနေနိုင်ဘဲ ခေါင်းလှည့်ပြီး ကြည့်မိတယ်။

သို့ပေမဲ့ တစ်ချက်ကြည့်ပြီးတော့ သူမ နှလုံးခုန်
ရပ်သွားသလိုပဲ။သူမ မျက်လုံးတွေလည်းပြူ းရင်
သူမ ပါးစပ်က ဟလွန်းသွားလို့ ဘုတ်ခနဲ မေးရိုး
အောက်ပြုတ်ကျသံတောင် ကြားလိုက်ရသလိုပဲ။

အဲ့လှမ်းလာနေတဲ့လူက ရှောင်ရီ။ဒီရုပ် ဒီပုံစံ နဲ့
လည်ပင်းဘေးက မှဲ့လည်း အရင်တိုင်းပဲ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now