အခန်း(၁၂၀)စေ့စပ်ပွဲဖျက်သိမ်းသောဝူဆောင်း

2.8K 535 51
                                        

Unicode

'' ဟားဟား ...ဝူဆောင်းပဲ ''

ဇီမိုကတော့ ဘာမှမသိဘဲ ပျော်ရွှင်လို့
နေတယ်။

ကျုးယောင်ကတော့ ဘာမှမပြောနိုင်ဘဲ
ဆွံ့အသွားရတယ်။ပြီးတော့ မကောင်းတဲ့
အရိပ်ငွေ့ကို ခံစားရတယ်။

'' ဒီ ပျံသန်းမိုးပြာဂိုဏ်းက လွန်ခဲ့တဲ့
နှစ် ၇၀၀ ကမှ စထောင်ထားတဲ့ ဂိုဏ်းအသစ်
စက်စက်ပါ ''

ကျူးယောင်ပူံစံ က ဘာမှန်းမသိတဲ့ပုံ
ဖြစ်နေတာကြောင့် ကျူးယောင်အခြေနေကို
သဘောပေါက်သွားအောင် ဇီမိုက အလျင်မြန်
ရှင်းပြတယ်။

'' ဒိီဂီူဏ်းက တည်ထောင်ထားတာ မကြာသေးဘူး သူတို့ အရေတွက်ကလည်း နည်းသေးတယ်ဆိုပေမဲ့ ... အတော်လေး အင်အားတောင့်တင့်းတယ် ..... အထူးသဖြင့် လွန်ခဲ့တဲ့နှစ်တွေက တာရို့လူ ထဲ သူတို့ တပည့်ရှစ်ဆယ်
ဝင်သွားတာ ဘယ်သူမှ မသေမပျောက်တဲ့အပြင် သုံးစရာ မှော်ပစ္စည်းအရင်းမြစ်
တော်တော်များကို ရလာကြတယ် အဲ့နောက်
ပိုင်းထဲက ကျင့်ကြံခြင်းလောကထဲ နာမည်
တစ်လုံးရလာတော့တာပဲ
ပြီးတော့ လွန်ခဲ့နှစ်ရာချီထဲ ဂိုဏ်းပေါင်းစုံ
သိုင်းပြိုင်ပွဲတိုင်း ထိပ်ဆုံးသုံးယောက်မှာ
သူတို့ဂိုဏ်းက တစ်နေရာကို အမြဲရယူနိူင်တာ
ချည်းပဲ ''

အချိန်တွေပြောင်းလဲလာပြီး ခေတ်တွေ
ပြောင်းလဲလာကို ဇီမိုလည်း သက်ပြင်းချမိတယ်။

ကျူးယောင်လည်း မျက်တောင်ခတ်မိတယ်။
ယုလော်ဘက်လှည့်ကြည့်တော့ ယုလော်က
ဟုတ်မှန်ကြောင်း ခေါင်းည်ိတ်ပြတယ်။ဒီ
ပျံသန်းမိုးပြာဂိုဏ်းဆိုတာ သူ ကိုယ်တ်ိုင်
ပျိုးထားတဲ့ မုန်လာခင်းမဟုတ်လား။
ဒါပေမဲ့ ရောက်လာတာက ဝူဆောင်းတဲ့။
ဂိူဏ်းချုပ်က ဝူဆောင်းဖြစ်သွားတယ်ဆိုတာကို
မသေသေးသော ယခင် ဂိုဏ်းချုပ်ဟောင်းဖြစ်တဲ့ သူက ဘယ်နှယ့် မသိခဲ့ရတာလဲ။

'' ဒေါ် လေးငယ် ကျနော်နဲ့ အတူ သူတို့ကို
လိုက်တွေ့ကြည့်ပါလား ''

ဇီမိုကလည်း စိတ်လှုပ်ရှားသံနဲ့ ပြောတယ်။
ခဏစဉ်းစားမိပြီးနောက်မှ သူ့ကို တောင်းပန်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora