အခန်း(၆၄)ဇော်ကန့်လန့်

7.9K 995 111
                                        

မမကျူ း...၆၄...ဇော်ကန့်လန့်

အချိန်အနည်းငယ်အကြာမှာတော့ သူ့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဘယ်လောက်တောင် လိုအပ်နေလဲ ဆိုတာ ကျူ းယောင်သိလာတယ်။

'' မင်း အမြူ တေက ကွဲကြေသွားပြီ..''

တပည့်ရဲ့ အတွင်း ချီ စုဝေးရာကို စစ်ဆေးတဲ့
သူ့ စိတ်အာရုံကို ယုယန် ပြန်ရုတ်တယ်။သူ့
အမူရာက သိပ်မကောင်း။

''ဒါဆို....တပည့်..''

သူ့ အမြူ တေကွဲနေပြီဆိုတည်းက ဂိမ်းအိုဗာ
လို့ ပြောလို့ ရနေပြီမဟုတ်ဘူးလား။

''မင့် အမြူ တေက ကွဲကြေနေပေမဲ့ မင်း
ကျင့် ကြံဆင့်က အမြူ တေနောက်ဆုံးဆင့်
ပြည်စုံဆင့်မှာ..''

ယုယန်က မျက်မှောင်ကြုတ်တယ်။

'' နတ်ဝိညာဉ် အဆင့် မဖြစ်ပေါ်ခင်အဆင့်
နဲ့ တူနေတယ်..သို့ပေမဲ့...မင်းမှာ ချီ ပြန်စု
ဆောင်းနိုင်လည်း မင်း နတ်ဝိညာဉ်အဆင့်
တက်လှမ်းနိုင်မှာ မဟုတ်ဘူး..''

''ဆရာ ပြောချင်တာက တပည့် လမ်းဝမှာ
တစ်နေပြီပေါ့.''

ယုယန်က ခေါင်းညိတ်တယ်။

လခွမ်း!တခြားသူတွေ နတ်ဝိညာဉ် အဆင့်တက် ရင်က အမြူ တေကွဲလို့ သေရင်သေ မသေရင် အဆင့်တက် နတ်ဝိညာဉ် ဖြစ်။ဘာကိစ္စ
သူမကျ မှ အလယ်မှ ဇော်ကန့်လန့် ဖြစ်ရတာတုံး။

''ဒီ အတောအတွင်း...မင်း ကျင့်ကြံဆင့်
ပြန်ကောင်းအောင်လို့ ချီ လုံးဝ ကိုယ်ထဲ..
မစုဆောင်းနဲ့..''

ယုယန်က တည်ကြည်တဲ့ အမူရာနဲ့ ညွန်ကြားတယ်။

'' ကျင့်ကြံဆင့် ပြန်ကောင်းလာရင် တပည့်
ဘာဖြစ်မှာလဲ..''

''မင်းကိုယ်ထဲ ချီ ရှိလာတာနဲ့ မင်းကို နတ်ဝိညာဉ် အဆင့် သွားဖို့ အတင်း တွနိးအားပေးခံရမယ် အဲ့အချိန်ကျရင် မင်းကိုယ်ထဲက ချီ က မလောက် ငှဘူး..
မင်း က ချီ ယူဖို့ ကြိုးစားမယ်ဆိုရင်လည်း
ချီ မုန်တိုင်း ဖြစ်စေဦးမယ်...မင်း မယူပြန်ရင်လည်း.နတ်ဝိညာဉ် အဆင့်လှမ်းတက်ခြင်း ကျရှုံး...လိမ့်မယ်..''

''ဒါဆို တပည့်က ဘာလုပ်ရမှာလဲ..''

ကျူ းယောင် ငိုရင်ရက် လက်တို့ဖြစ်နေပြီ။
သူမှာ ကျင့်ကြံဆင့် ရှိတုန်းပဲ သို့ပေမဲ့ ချီ
မရှိ။ တစ်ဘဝလုံး သုံးစားမရတဲ့ ဒုက္ခတိကြီး
လို ဖြစ်နေရတော့မှာလားဟင်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now