အခန်း (၁၃၁)နတ်သက်ကြွေ၏ နတ်ဘုံနန်း

2.7K 490 22
                                        

အခန်း ၁၃၁ နတ်သက်ကြွေ၏ နတ်ဘုံနန်း

ဤအပိုင်းကို typing ကူရိုက်ပေးပါသော Aye
ကို ကျေးဇူးတင်ပါသည်။

အခုတလော ယုလော်လည်း အတော်လေးကို အလုပ်ရှုပ်နေတယ်။ ရံဖန်ရံခါလောက်သာ ကျောက်စိမ်းသစ်တောတောင်ကိုပြန်လာနိုင်တယ်။ အမြဲတမ်းလိုလို ဂိုဏ်းကိစ္စတွေနဲ့ ဓါးတောင်မှာသာ အချိန်ကုန်ဆုံးနေလေ့ရှိတယ်။ ဇီမိုကလည်း သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုပြီး နောက်ဆုံးအကြိမ်အဖြစ် တံခါးပိတ်ကျင့်ကြံနေပြီ။ သူ့မှာနေရဖို့အချိန်သိပ်မကျန်တော့ဘူး။ ဒီတစ်ကြိမ်သာ သူနတ်ဝိဇ္ဇာအဖြစ်ကို မတက်လှမ်းနိုင်ဘူးဆိုရင် ဒီဘဝ ဒီအမျှနဲ့ပဲကုန်ဆုံးသွားလိမ့်မယ်။ နတ်ဝိညာဉ်တစ်ယောက်အဖြစ်နဲ့ပဲ
နိဂုံးချုပ်ရလိမ့်မယ်။ ရှေးဟောင်းတောင်ဂိုဏ်းရဲ့စီမံခန့်ခွဲမှုအများစုကိုလည်း တခြားသောတောင်သခင်တွေနဲ့ ယုလော်ကပဲ ပုံမှန် စီမံတော့တယ်။


ကျူးယောင်နဲ့ ယွဲ့ယင်းသာလျင်ကျောက်စိမ်းသစ်တောတောင်ထိပ်မှာနေထိုင်ကျန်ရစ်ခဲ့တယ်။ကျူးယောင်ကိုယ်တိုင်ကလည်း မုမေ့ယန်ကိုလိုက်ရှာနေရတာမလို့ အမြဲတမ်းလိုလိုအပြင်ကိုသွားနေရတယ်။ တကယ်တမ်းကျောက်စိမ်းသစ်တောတောင်ပေါ်မှာနေထိုင်တာက ယွဲ့ယင်းတစ်ယောက်သာရှိတယ်။ ယွဲ့ယင်းဆိုတာ အစကတည်းက စကားလည်းကောင်းကောင်းပြောတတ်သူမဟုတ်။ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့မလို့ သူ့နောက်ကိုသာ တကောက်ကောက်မလိုက်နေဘူးဆိုရင် ယွဲ့ယင်းရှိနေတယ်ဆိုတာ ကျူးယောင်မေ့နေမိမှာအမှန်ပဲ။ သို့ပေမယ့်လည်း ယွဲ့ယင်းက ကျင့်ကြံခြင်းနဲ့ပက်သတ်ပြီး အတော်လေးကြိုးစားအားထုတ်တာကိုမြင်ရတယ်။ ငါးမျိုးစပ်ဝိညာဉ်ကြောပိုင်ရှင်တစ်ယောက်က အခုလိုမျိုး နတ်အမြူတေအဆင့်ထိရောက်လာတယ်ဆိုကတည်းက ယွဲ့ယင်း ဘယ်လောက်
ပတ်တကုတ် တစိုက်စိုက်မတ်မတ် ကြိုးစားအားထုတ်မှုရှိလဲဆိုတာ သိသာပါတယ်။

ကျူးယောင်လည်း အနည်းငယ်တော့ ယွဲ့ယင်းအပေါ်မှာ အပြစ်ရှိသလိုခံစားရတယ်။ ဟိုတချိန်တုန်းက ယွဲ့ယင်းကိုသူကိုယ်တိုင်ကျွေးမွေးစောင့်ရှောက်တော့မယ်ဆိုပြီးတော့ ခေါ်ထုတ်ခဲ့တာ။ သို့ပေမယ့် နှစ်ပေါင်းများစွာကြာသွားသည့်တိုင် ယွဲ့ယင်းကို သူ သေသေချာချာစောင့်ရှောက်ခွင့်မရခဲ့ဘူး။ တခြားတစ်ယောက်ကိုပဲ ပြုစုပျိုးထောင်စေခဲ့တယ်။ ယွဲ့ယင်းရဲ့နေ့စဉ်စောင့်ရှောက်မှုကအစ ကျင့်ကြံခြင်းကဏ္ဍအထိ အကုန်လုံးက ယုလော်ပဲသင်ပေးခဲ့တာ။ ယွဲ့ယင်းနဲ့ပတ်သက်လို့ သူဘာမှကို တာဝန်ကောင်းကောင်းမယူခဲ့ရဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora