အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်

7K 971 119
                                        

၄၈

ဝင်ခွင့်စာမေးပွဲတော့လိုတယ်

သူမလည်း ထွက်လာရော ယုယန်က အပြင်မှာ
သူမကို စောင့်နေတယ်။

ယုယန်က ရေကန်ဘေး မြေကွက်လပ်လေးမှာ
မိုးကြိုးစမ်းသပ်မှုကို ခံနိုင်အောင် အကာရံ ဂါထာ ပြင်ဆင်ထားပေးတယ်။ယုယန် ညွှန်ကြားတဲ့အတိုင်း သူမလည်း အလယ်မှာ သွားထိုင်နေလိုက်တယ်။အားလုံးအဆင့်သင့်ဖြစ်နေပြီမလို့ သူမစောင့်ရမှာက စမ်းသပ်မှု မိုးကြိုး ကျလာမှာကိုပဲ။

ကျူ းယောင်လည်း အသက်ပြင်းပြင်းရှုသွင်းရင်း
ကောင်းကင်ကို ကြည့်လိုက်တယ်။ပြီးတော့...

နေဝင် သွားတယ်။

ဘယ်လိုလား!! မိုးကြိုးစမ်းသပ်မှု မိုးကြိုးက ဘယ်ရောက်သွားတာလဲ!

တစ်နေ့လုံး စောင့်နေခဲ့တဲ့ ကျူ းယောင်ကတော့
လှည့်ပြီး အကူညီခေါ်တယ်။(သနားစဖွယ်အသံ)

''ဆရာ..''

ဘာလို့ မိုးကြိုးလေးတစ်ခုတောင် မကျလာရတာလဲ!သူမ ခုတစ်ကယ်ကို နတ်အမြူ တေ ရနေပြီ!ပစ်ခတ်ရမယ့် အချိန်ကျ မိုးကြိုးက မပစ်ဘဲ မပစ်ရမယ့် အချိန်ကျ သူ့ကို အသေချာပစ်တယ်။ဒီ ကျင့်ကြံခြင်းလောက က တစ်ခုခုတော့ တစ်ခုခုပဲ။

ယုယန်လည်း ဘာဖြစ်နေမှန်းကို မသိတော့ဘူး။
သူသိသလောက်ဆိုရင် သူတပည့်က နတ်အမြူ တေလည်း ဖြစ်ပေါ်နေပြီ။ ပြီး သူ့တပည့် အမြူ တေ ပုံစံအရဆို မိုးကြိုးစမ်းသပ်မှုက အားပျော့စရာအကြောင်း နည်းနည်းမှကို မရှိ။ဒါကြောင့်
သူလည်း ခုလို အကာရံ ဂါထာတွေတောင် စီမံထားရတာ။ခုကျ စောင့်တာ တစ်နေ့လုံးပေမဲ့ ကောင်းကင်က ဘာအရိပ်ရောင်မှကို မပြဘူး။

''ခုတော့ ပြန်ကြစို့''

သူလည်း ဘာဆက်လုပ်ရမယ်မှန်း မသိဘူး။
သူတပည့်ဆီမှာ ဖြစ်နေတဲ့ ထူးဆန်းအံဖွယ်တွေက များလွန်းလို့ သူလည်း ရိုးတော့ ရိုးနေပြီ။

ကျူ းယောင်လည်း ခေါင်းညိတ်ပြီး ထလိုက်တယ်။ကျင့်ကြံသူတွေ အဖို့ မိုးကြိုးစမ်းသပ်မှု မခံရတာလည်း ကောင်းတာပဲလို့ တွေးကြတယ်။မိုးကြိုး အပစ်ခံရတဲ့ ဘေးက တစ်ခါ လွှတ်တာပဲ မဟုတ်လား။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now