ယုယန် ခုပဲသူအသိမှတ်ပြုလိုက်တဲ့ တပည့်ကို နားမလည်ဘူး။သူမမှာရှားပါးတဲ့ မိုးကြိုးဝိညဉ်ကြော ပါလာတယ်ဆိုကထဲက သူမက သေချာပေါက်ကိုနတ်ဘုရားဖြစ်ရမှာ။
သူမက လောလောဆယ် အသက်နည်းနည်းကြီးနေပေမဲ့လည်း ကိစ္စတော့မရှိပါဘူးလေ။သူတို့ ကျင့်ကြံသူတွေ အတွက် ခန္ဓာကိုယ်ကြီးက အခွံသက်သက်ပဲ။အသက်ငယ်လေ ကျင့်ကြံရာမှာ ပိုကောင်းလေဆိုပေမဲ့ သူ့လို ကျောက်စိမ်းသစ်တောတောင်သခင် တစ်ယောက်ရဲ့ အကူညီနဲ့ဆို သူမ သေချာပေါက် နတ်အမြူတေ အဆင့်ကို ရောက်နိုင်မှာ။အဲ့အခါကျရင် လိုသလိုအသက်ကို ပြောင်းနိုင်တာမလို့ သူမရဲ့ အသက်ရွယ်ကြီးတာက အရေးမကြီးပါဘူးလေ။
တစ်ကယ်တော့ သူနေထိုင်တဲ့ ကျောက်စိမ်းသစ်တောတောင်က နှစ်ကိုသိန်းချီဖြတ်သန်းခဲ့ပြီးပြီ။သို့ငြားလည်း ဆက်ခံခဲ့သူ အရေတွက်ကနည်းနည်းပဲ။
ပြီးတော့ တစ်ဝက်လောက်ကလည်း နတ်ဘုရားဖြစ်ပြီး ဒီလောကကနေ ထွက်ခွာသွားကြပြီ။သူတို့တောင်က မိုးကြိုးဝိညဉ်ကြောပိုင်ရှင်ကိုပဲ တပည့်အဖြစ်လက်ခံတယ်။ဒီဝိညဉ်ကြောက အထူးခြားဆုံးဝိညဉ်ကြောမလို့ပါပဲ။မင်းဟာ နတ်ဘုရားဖြစ်ဖို့ ကျင့်ကြံနေတာဆိုရင် သေချာပေါက် အဆင့်ခြောက်ဆင့်ဖြစ်တဲ့ ချီ စွမ်းအင်ပိုင်ရှင်၊အခြေတည်အဆင့်၊နတ်အမြူတေအဆင့်၊နတ်ဝိညဉ်ဖြစ်တည်မှုအဆင့်၊နတ်ဝိဇ္ဇာအဆင့် နှင့်နောက်ဆုံး မိုးကြိုးစမ်းသပ်မှုခံယူကာ နတ်ဘုရားဖြစ်မြောက်ခြင်း အဆင့်တို့ပဲဖြစ်တယ်။
အဆင့်တစ်ဆင့်စီမှာလည်း ထပ်ပြီးအဆင့်ငယ် ၁၁ ဆင့် ခွဲထားသေးတယ်။ ပထမငါးဆင့်ကို စဦးအဆင့်များလို့ခေါ်ပြီး အဆင့်ငယ် ၆ မှ ၉ ထိကိုတော့
အလယ်လတ်အဆင့်ငယ်များလို့ခေါ်တယ်။
၁၀ ဆင့်မြောက်ကိုတော့ ကျွမ်းကျင်အဆင့်လို့ ခေါ်ပြီး ၁၁ဆင့်မြောက်အဆင့်ငယ်ကိုတော့ ပြည့်စုံခြင်းအဆင့်လို့ခေါ်တယ်။
(TN:😰အတော်ပျားတုပ်တယ် ပြန်ရတာက
တစ်ကယ်ပဲ ရှုပ်တယ်....)
ချီ စွမ်းအင်ရှင်အဆင့်၊အခြေတည်အဆင့်နဲ့ နတ်အမြူတေအဆင့်တို့မှာဆို လူတစ်ယောက်က နောက်တစ်ဆင့်တက်လှမ်းဖို့ ကြိုးစားတိုင်း (မိုးကြိုးပစ်ခံရတာ)ကို ခံယူရတယ်။
ВЫ ЧИТАЕТЕ
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Юморကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...
