အခန်း(၅၄)ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ(သေပန်းပွင့်)

7.4K 947 116
                                        

၅၄


К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.


၅၄

ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ

''ပေါက်စီလေး မင်း ဘာလုပ်မလို့လဲ...''

ဝမ်ရှုဟိုင်က စိုးရိမ်တကြီးနဲ့ သူမလက်ကို လှမ်း
ဆွဲတယ်။

''ဒီတိုင်းပဲ ထိုင်စောင့်နေမယ်ဆိုရင်...ငါတို့ပဲ..
သေရလိမ့်မယ်...ငါတို့ တစ်ခုခု လုပ်မှ ဖြစ်မယ်''

''မင်း သေသွားလိမ့်မယ်''

''ငါ မသေပါဘူး''

ကျူ းယောင်က လှည့်ပြီး သူ့ကို ပြုံးပြတယ်။အလိုလျောက်ပဲ ဝမ်ရှုဟိုင် ခေါင်းကို ပုတ်လိုက်တယ်။

''ငါ့ကို စောင့်နေပါ...ကောင်စုတ်လေး...''

ဒါကိုလည်း ကြားရော ထိတ်လန့်စရာ တစ်ခုကို ကြားလိုက်ရသလိုပဲ ဝမ်ရှုဟိုင်ရဲ့ မျက်လုံးတွေ
ပြူ းကျယ်သွားပြီး သူမကို စိုက်ကြည့်နေတယ်။
နာမည်တစ်ခုက သူ့ရင်ထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်လာတယ်။

သူ့ရဲ့ ဆုပ်ကိုင်ထားတဲ့လက်က ပိုတင်းကျပ်လာတယ်။

''မင်း....က....''

သူမရဲ့ ဓားနှောင့်တစ်ချက်နဲ့ ကောင်စုတ်လေး ဇတ်ပိုးကို အုပ်လိုက်တယ်။စောစောကတည်းက အားနည်းနေတဲ့ သူ မလို့ ချက်ချင်းပဲ မူးမေ့သွားတယ်။

''ချန်းရီ...သူ့ကို ကြည့်ထား..''

ထိတ်လန့်သွားတဲ့ ထိုသုံးယောက်ရဲ့ အမူရာကို ဂရုစိုက်မနေဘဲ အဆင့်တက်ဖို့ ကြိုးစားနေတဲ့ မှော်သတ္တဝါဆီ ယိုင်နဲ့စွာပဲ လျှောက်သွားတယ်။
ဒီသုံးနှစ်မှာ သူမဆရာဆီကနေ ဓားရေးနဲ့ပက်သက်လို့ အသေကျေ သင်ယူရရှိခဲ့တဲ့ တစ်ခုကိုပြပါဆိုရင်တော့ ဇွဲနဲ့ အရိုက်ခံခြင်း ဖြစ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Место, где живут истории. Откройте их для себя