အခန်း(၅၈)ဖွင့်လော့နှမ်း

7.4K 851 119
                                        

အခန်း ၅၈

ဖွင့်လော့ နှမ်း..
(စကားလုံးရေ ၅၄၉၇)

'' အဆိုးကြားထဲက ညီမတို့ ကံကောင်းတာ မဟုတ်ဘူးလား...''

လုချာက ခတ္တခဏမျှ ပျော်သွားတယ်။ပြီးတော့မှ
တစ်ခုခုကို တွေးမိသွားပြီး အမုန်းတွေနဲ့ ပြည့်နှက် သွားပုံ ပေါ်လာတယ်။

'' လက်နက်တောင် က အကိုတွေများ သိပ်လွန်တယ်..... အကိုကျူ းသေဆုံးမှုက ညီမနဲ့ ဘာမှ မပက်သက်ပါဘူးလို့ ပြောတာတောင် မရဘူး...
ညီမတို့ကို ယိုးစွပ်နေတုန်းပဲ..''

ငိုနေတဲ့ ချစ်စရာကောင်မလေးကို ကြည့်ရင်း ရှောင်ရီ နှလုံးသားမှာ နာကျင်ရတယ်။

''ညီမလေး လုရယ်...တရားမျှတခြင်းဆိုတာ ကိုယ်တို့ နှလုံးသားထဲမှာ ပဲ တည်ရှိတာပါ...စိတ်မကောင်း.မဖြစ်နဲ့....အဲ့လို အမှားအမှန် မခွဲနိုင်တဲ့လူတွေကို ဘာကိစ္စ ဂရုစိုက်ရမှာလဲ..''

''ဒါပေမဲ့...ညီမလည်း အကိုကျူ းသေဆုံးမှု အတွက် တစ်ကယ်ပဲ ဝမ်းနည်းရပါတယ်..''

လုချာက သူမ မျက်လုံးကို ပွတ်သပ်တယ်။

''သူ့ သေဆုံးတာက ညီမနဲ့ မသက်ဆိုင်ပေမဲ့
လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ညီမတို့တွေက ဂိုဏ်းတူ မောင်နှမတွေပဲကို ဘာလို့ သူတို့ မယုံကြတာလဲ..''

'' မငိုပါနဲ့ကွာ... အစ်ကိုက ဒီမှာ ရှိနေဆဲပဲ..ဘယ်သူမှ ညီမကို အနာတရဖြစ်အောင် မလုပ်စေရဘူး..အကို ကာကွယ်ပေးမယ်''

''တစ်ကယ်လားဟင်...အစ်ကိုကြီး ရှောင်''

''တစ်ကယ်ပေါ့...ညီမလေးရယ်..''

ပွေ့ဖက်နေတဲ့ ဘဲငန်းနှစ်ကောင်ကို ကြည့်ရင်း ကျူ.းယောင်လည်း မျက်ဖြူ မလန်ပဲ မနေနိုင်တော့ဘူး။သူတို့ပြောပုံအရတော့ လက်နက်တောင်က တပည့်တွေက ဖက်တီးကျူ းသေဆုံးမှုအတွက် လက်စားဝိုင်းချေလို့ သူတို့နှစ်ယောက် ဒီကို မတော်တဆ ရောက်လာပုံပဲ။သူမ ရှောင်ရီ့အကြောင်းကို သိတာ ကြာပြီ
ဖြစ်ပေမဲ့လည်း လုချာကလည်း ဒီလို စိတ်ပျက်ရွံ့ရှာဖွယ်ရာ အမျိုးအစားထဲက ဆိုတာ မသိခဲ့ဘူး။

ဖက်တီးလေးကျူ းက လုချာကို အသေချစ်ပြီး နောက်ဆုံး လုချာကို ကယ်ရင်း သေခဲ့ရတယ်။သူမ အနေနဲ့ ကျေ းဇူးမတင်ရင် ထားအုံး လက်ခံလို့ရသေးတယ်။ခုတော့ ရှောင်ရီ့ ရင်ခွင်ထဲတောင် ပြေးဝင်ပြီး ဖက်တီးကျူ း သေဆုံးတာက သူမနဲ့ မဆိုင်ပါဘူးတောင် ငြင်းနေသေးတယ်။ လုချာ မိဘတွေများ လုချာကို နာမည်ပေးတုန်းက တခြားနာမည်တစ်ခုကို ပေးဖို့ မေ့နေသေးလားလို့ ကျူ းယောင် သံသယဖြစ်မိတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora