အခန်း(၁၂၉ ) အစွမ်းအထက်ဆုံးလက်နက်

2.8K 516 28
                                        

၁၂၉
အစွမ်းအထက်ဆုံးလက်နက်

ဤ အပိူင်းကို typing ကူရိုက်ပေးသောAyeကို ကျေးဇူးတင်ပါသည်။

ရုတ်တရက် မိစ္ဆာထွက်ပေါ်လားပြီးမွှေသွားတဲ့အတွက်ကြောင့်မလို့ နေရာတစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ရင်ပြင်မှာရှိနေတဲ့လူတွေအကုန်လုံးလည်း ကြက်သေသေအံ့သြရာက မရုန်းထွက်နိုင်ကြသေးဘူး။ ကျူးယောင်ကိုယ်တိုင်လည်း လက်ထဲကလက်နက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ရင်တွေတဒိုင်းဒိုင်းခုန်လို့နေတယ်။ ပြီးတော့ တဖြည်းဖြည်းပိုပြီး ကြောက်ရွံ့မိလာတယ်။

တကယ်တော့ သူ့ဆရာ အထက်ဘုံလောကကနေ
ဆင်းလာကတည်းက ကျင့်ကြံခြင်းလောကမှာ တခုခုဖြစ်တော့မယ်ဆိုတာ သူခံစားသိရှိနေမိတယ်။ အစကတော့ အရိပ်မည်းက်ို အထက်ဘုံကဆင်းလာတဲ့နတ်ဘုရားတစ်ဦးဦး လို့ပဲထင်မှတ်ထားခဲ့မိတာ။ ဘယ်လောက်ခေါင်းခြောက်အောင်စဥ်းစားပါစေ ဒီအရိပ်မည်းက ရာဇဝင်တစ်‌ဖြတ်မှာ စာတင်ခဲ့ရတဲ့ မိစ္ဆာမျိုးနွယ်ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး။

ကျူးယောင်လည်း ရုတ်တရက်
ငိုချင်စိတ်ပေါက်လာတယ်။ လုပ်လက်စအလုပ်ဖြစ်တဲ့ အဖျက်ကောင်ရှင်းလင်းသုတ်သင်ရေးအလုပ်ကို ပင်စင်‌ ခုယူပြီး ကိုယ့်ကမ္ဘာကိုပဲပြန်လိုက်ရတော့မလား။ အကုန်လုံးသိကြရဲ့လား။ အဲ့ဒါ တစ်လောကလုံး နာမည်ကြားတာနဲ့တင် ဖိန့်ဖိန့်တုန်
ကြောက်ရွံ့ရတဲ့ မိစ္ဆာမျိုးနွယ်‌ဟေ့။
ဟိုးရှေးပဝေသဏီ ​ရှေးဟောင်းကာလ
ရှေးနတ်ဘုရားများခေတ် ကပဲတည်ရှိခဲ့တဲ့ မိစ္ဆာမျိုးနွယ်။ ​ရှေးဟောင်းနတ်ဘုရားတွေနဲ့ သူသေကိုယ်သေတိုက်ခဲ့ကြတဲ့ မိစ္ဆာမျိုးနွယ်။ အသက်ဇီဝမှန်သမျှကိုချုပ်ငြိမ်းစေဖို့ မွေးဖွားလာတဲ့ မိစ္ဆာမျိုးနွယ်ဖြစ်တယ်။
သူတို့လို သေမျိုးလူသားကိုယ်သာပိုင်ဆိုင်ထားတဲ့ နတ်ဝိဇ္ဇာ​တွေအဖို့ မိစ္ဆာနဲ့တိုက်ဖို့ဆိုတာ ရယ်စရာဟာသ လိုပဲဖြစ်နေလိမ့်မယ်။
သေချင်ရင်လည်း ရိုးရိုးသေလို့ရပါတယ်။
မိစ္ဆာလက်ချက်နဲ့တော့ ဘယ်သူမှ မသေချင်ဘူးရယ်။ မိစ္ဆာနဲ့ တိုက်မယ်ဆိုသော ကိစ္စက
ေ သေကြောင်းကြံတာထက် မပိုဘူး။
အစကတည်းက
မတိုက်ဘဲ အရှုံးပေး နှလုံးအေးရတာ ပိုပြီးကောင်းပါတယ်။ ကိုယ့်အဆင့်နိမ့်နဲ့ သူတို့ကိုတိုက်ဖို့ရာ တူလို့လား။တန်လို့လား။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now