¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
(
(ချီ စွမ်းအင် အကာကွယ် or ချီ ဒိုင်း)
(TN: ချီ စွမ်းအင် ကို ချီလို့ပဲ သုံးတော့ပါမယ်.😁)
၂၃
''ဆ...ရာ..''
ရှေ့က လူကို သေချာမြင်လိုက်ရတယ်။ပြီးတော့ ထပ်ပြီး မခံရပ်နိုင်လောက်အောင် နာလာတာနဲ့
သူမ ထပ် မေ့လဲမလိုဖြစ်သွားတယ်။
ယုယန်လည်း သူတပည့်နိုးနေအာင် သူတတ်နိုင်တာ အကောင်းဆုံးလုပ်လိုက်တယ်။ချီ ကို ကာကွယ်ဖို့ စွမ်းအင် ဒိုင်း တစ်ခုကို ဖြစ်ပေါ်စေလိုက်တယ်။သို့ပေမယ့် အကုန်လုံးကို မတားဆီးနိုင်ဘူး ချီ တွေ တအားကို များလွန်းနေတယ်။ချီ တွေ ဟာ သူတို့ကို လမ်းညွှန်ပေးတဲ့သူ ပျောက်သွားတဲ့ အတွက် ဗရမ်းဗတာ ဖြစ်လာပြီး
မည်းမည်းမြင်ရာ တိုက်တော့တယ်။
''စိတ်ကို လွှဲပစ်လိုက် တခြား အတွေးတစ်ခုပေါ်မမှာပဲ အာရုံ စိုက်ပြီး ချီ ရယူတာကို အဆက်ဖြတ်လိုက်''
ခုလောလောဆယ် ဖြစ်နေတဲ့ ချီ မုန်တိုင်းကို သူ့တပည့်ပဲ စုပ်ယူ နေတာ ဖြစ်လို့ သူ့တပည့်ဘဲ ရပ်နိုင်တယ်။သူသာ မရပ်ဘူးဆိုရင် ဗရမ်းဗတာ ချီ မုန်တိူင်းကြောင့် ရှေးဟောင်းတောင်ကြော တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်။
ကျူ းယောင်လည်း လက်ရှိ အခြေနေက အရမ်းကို ဆိုးရွားနေတာကို သတိထားမိတယ်။ကုန်းထလာပြီး တရားထိုင်ဖို့ ကြိုးစားတယ်။သူမ ဆရာ ညွှန်ကြားတာကို နားထောင်ပြီး ချီ ယူတာကို ရပ်တန့်နေတယ်။
ငါးမိနစ်လောက်ကြာမှ ဗရမ်းဗတာ သောင်းကျန်းနေတဲ့ ချီတွေက ငြိမ်သက်သွားပြီး တဖြည်းဖြည်း လွင့်ပါးသွားကြတယ်။
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...
