အခန်း(၁၃၂)ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ

2.7K 480 15
                                        

အခန်း ၁၃၂ ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ

ဤအပိုင်းကို typing ကူရိုက်ပေးပါသော Ayeကို
‌ေကျးဇူးတင်ပါသည်။

"ရူလု! ."

တံခါးဘေးမှာရုတ်တရက်ပေါ်လာတဲ့ အနီရောင်ဝတ်အမျိုးသမီးကိုမှတ်မိတဲ့ ပထမဆုံးသောသူကတော့ နတ်ဝိဇ္ဇာချိိီဟန်ပဲ ဖြစ်တယ်။ ရူလု သို့မဟုတ် မုမေ့ယန်ရဲ့ ခန္ဒာကိုယ်တဝိုက်မှာ အနက်ရောင်ယင်စွမ်းအားကို ကိုယ်စားပြုသော အမည်းရောင်အခိုးအငွေ့တွေက ဝန်းရံလို့နေတယ်။ စိတ်နှလုံးသားအရိပ်က မျက်နှာမှာလာပထင်တယ်ဆိုတဲ့အတိုင်း မုမေ့ယန်ဟာ အရင်တုန်းကလို ပျော့ညံ့အားနွဲ့တဲ့ပုံစံမရှိတော့ဘဲ ကောက်ကျစ်ယုတ်မာတဲ့အသွင်သာ ဆောင်လို့နေတယ်။ လအနည်းငယ်အတွင်းမှာပဲ သူ့ရဲ့နတ်ဝိဇ္ဇာကနဦးအဆင့်ကနေ အခုတော့ နတ်ဝိဇ္ဇာပြည့်စုံအဆင့်ကိုရောက်လို့နေပြီ။ ပြောရမယ်ဆိုရင် နတ်ဝိဇ္ဇာပြည့်စုံအဆင့်ကိုကျော်လွန်တဲ့ အထက်ဘုံတက်လှမ်းခါနီး နတ်ဝိဇ္ဇာတစ်ယောက်ရဲ့အရှိန်အဝါမျိုးတောင် ရောက်နေပြီ။

“ယုတ်မာတဲ့မိန်းမ... ငါ့တပည့်ဟန်ရှင်း
ဘယ်မှာလဲ... မင်း ဟန်ရှင်းကို ဘယ်ကိုဖမ်းခေါ်သွားတာလဲ”

ဒေါသတကြီးနဲ့ နတ်ဝိဇ္ဇာချီဟန်က မေးခွန်းထုတ်တယ်။

“ယွဲ့ဟန်ရှင်းလား”

မုမေ့ယန်က သူ့ကို တချက်ကြည့်ပြီး ဒေါသအမျက်ကြီးစွာနဲ့  ရယ်မောလိုက်တယ်။ သူ့ဘေးနားမှာရှိသော အမည်းရောင်အခိုးအငွေ့တွေလည်း နေရာပေါင်းမြောက်များစွာကို ပြန့်ကြဲလို့သွားတယ်။ အေးစက်စက်ရယ်ရင်း လက်ကိုတစ်ချက် ဝှေ့ရမ်းလိုက်တယ်။ သူ့ဘေးနားမှာ အနက်ရောင် အခိုးအငွေ့တွေကြားထဲကနေ လူတစ်ယောက်ပုံစံ ခပ်ရေးရေးပေါ်လာတယ်။ အခိုးငွေ့တွေလုံးဝကင်းစင်သွားမှပဲ သွေးအလူးလူးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဒာကိုယ် ပေါ်လာတော့တယ်။ ခန္ဒာကိုယ်တစ်ခုလုံးသွေးအလိမ်းလိမ်းဖြစ်နေရုံမက ထူးဆန်းတဲ့အင်းကွက် အစီအရင်တွေကလည်း မိန်းကလေးရဲ့ ခန္ဒာကိုယ်ဘေးတဝိုက်မှာ ဝန်းရံလို့နေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now