အခန်း(၅၆)အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့

7.6K 970 182
                                        


၅၆

အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့

''အဝတ်စားတွေ ချွတ်လိုက်''

ယုယန်က ထပ်ပြောတယ်။

ကျူ းယောင်လည်း မသိမသာ လက်နှစ်ဖက်နဲ့ ရင်ဘတ်ကို အုပ်ရင်း ရှေ့ကလူကို မျက်လုံးပြူ းနဲ့ ုကြည့်မိတယ်။ မိန်းကလေးသူငယ်ချင်းကောင်းလေး လုပ်မယ်ဆိုတာ ဘယ်ရောက်သွားပြီလဲ!!

ဆ..ဆ...ဆရာ...ဒါ မှားနေလားလို့..ဟုတ်တယ်မလား...''

ဒီတပည့်လေးက ခန္ဓာကိုယ်ကိုပဲ ရောင်းစားတာ
အတတ်ပညာရပ်ကို မဟုတ်ဘူး(ပစ္စည်းကိုမယူပါနဲ့လူကို ကြိုက်သလိုလုပ်) ......အဲ့လေ မှားပြီ။ကျွန်မက အပြစ်ကင်း.သန့်ရှင်းသူလေးပါ။

ယုယန်လည်း ငတုံးတပည့်ရဲ့ အပြုမှုတွေကို လျစ်လျူ ရှုရင်း လက်ကောက်လေးတစ်ခု ထုတ်ကာပေးလိုက်တယ်။

''ဒါကို ဝတ်လိုက်''

သူမလည်း လက်ကောက်ကို ဝတ်လိုက်ရော လက်ကောက်က သူမလက်ကောက်ဝတ်အရွယ်စားအတိုင်း ကျုံ ပြီးကွက်တိ ဖြစ်သွားတယ်။စိတ်အာရုံသုံးပြီး အထဲကို ကြည့်လိုက်တော့မှ အထဲက ဟင်းလင်းပြင်က အတော်ကျယ်ပြီး သူမရဲ့ သိမ်းဆည်းအိတ်တောင် မယှဉ်သာဘူးဆိုတာတွေ့လိုက်ရတယ်။

(TN: harry potter ကြည့်ဖူးတဲ့သူ ဆိုရင်...ဒါမျိုးတွေ သိမှာပါ...Goblet of fire ထဲမှာဆိုရင်..ကွစ်ဒစ်
ကမ္ဘာ့ဖလားပွဲ သွားတုန်းက...တဲလေးတွေလေ..
😁...အမြင်ကတော့ တစ်ယောက်တောင်မဆန့်ဘူး..အထဲ ဝင်သွားမှ...အကျယ်ကြီးပဲ...အိမ်တစ်လုံးစာလောက်လုပ်ထားတာမျိုး...)

အထဲကို တစ်ချက်ကြည့်လိုက်တော့မှ အရင်ကတည်းက ပြင်ဆင်ထားပုံပေါ်တဲ့ အမျုးိသမီးဝတ်စုံတွေအများကြီး တွေ့ရတယ်။ဒါ့အပြင် လက်ဖွဲ့အဆောင် အနည်းငယ်လည်း ပါတယ်။

အရင်ရက်တွေတုန်းက ကျူ းယောင်လည်း စွန့်စားပြီးကို အကောင်တွေနဲ့ ယှဉ်ပြိုင်သတ်ပုတ်ကာတိုက်ပွဲအတွေ့ကြုံယူနေရတာမလို့ ကိုယ့်က်ိုကိုယ် ဂရုမစိုက်အားခဲ့ဘူး။ဝတ်ထားတဲ့ အဖြူ.ရောင်ဂိုဏ်းဝတ်စုံက အပေါက်ရာတွေ အတော်တောင်များနေပြီ။ အညစ်ကြေးဖယ် ဂါထာသုံးလို့ရပေမဲ့ အပေါက်တွေကိုတော့ မပြင်နိုင်ဘူးလေ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Nơi câu chuyện tồn tại. Hãy khám phá bây giờ