''1''

17.1K 1.9K 150
                                    

ထျန်းရှင်းကျောင်းတော်ရဲ့တံဆိပ်ပါတဲ့ အပြာရင့်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့ရှေ့ကသေအံ့ဆံဆဲဖြစ်နေတဲ့နတ်ဘုရားမတစ်ပါးလှပတဲ့အမျိုးသမီးလေးကိုကြည့်ပြီး အသည်းကြွေလုမတက်အော်ဟစ်ကာငိုကြွေးနေတယ် ။ သူပုံစံက သူ့မျက်စိရှေ့မှာဖြစ်ပျက်သွားတဲ့အရာတွေကို မယုံကြည်နိုင်ဟန်လည်းပေါ်လွှင်နေတယ် ။

" စီနီယာအမရှင်း !! တောင့်ထားနော် ခဏနေကြရင် စီနီယာအကိုရီပေါ်ကရောက်လာတော့မှာ ။ စီနီယာအကိုရီပေါ်က သူတို့အားလုံးကိုသတ်ပစ်ပြီးအမအတွက် ကလဲ့စားချေပေးလိမ့်မယ်  "

" သူလား အဟွတ်!! မောင်လေးယန် သူရောက်လာလို့ရှိရင် စိတ်မကောင်းမဖြစ်ဖို့ပြောပေးပါနော် ။ သူ့အပြစ်မဟုတ်ပါဘူးလို့ ''

စီနီယာအမရှင်းဆိုတဲ့အမျိုးသမီးလေးက ထိုစကားတွေကိုပြောပြီးသွားတာနဲ့ သူမရဲ့စိန်တုံးလေးတွေလိုလှပတဲ့ မျက်လုံးလေးတွေကမှိတ်ကျသွားတယ် ။ ရှဲ့ကုန်းမြေကြီးရဲ့ထိပ်တန်းကျောင်းတော်ဖြစ်တဲ့ ထျန်းရှင်ကျောင်းတော်က နံပါတ်တစ်မိန်းကလေးပါရမီရှင်လည်းဖြစ်တဲ့အပြင် နတ်ဘုရားမလိုလှပတဲ့အမျိုးသမီးလေးက သေဆုံးခဲ့လေပြီ ။ ထိုအချိန်မှာပဲကြောက်ဖို့ကောင်းတဲ့နတ်ဆိုးအော်ရာတွေပြည့်နက်နေတဲ့ အမျိုးသားတစ်ယောက်က ထိုနေရာကိုရောက်ရှိလာခဲ့တယ် ။

သူရဲ့ဇာမဏီငှက်လိုစူးရှတဲ့မျက်လုံးတွေက သွေးအိုင်ထဲမှာလဲလျောင်းနေတဲ့ နတ်ဘုရားမလေးစီရောက်သွားတဲ့အချိန်မှာတော့ လောလောလတ်လတ်ငရဲကနေတက်လာတဲ့ နတ်ဆိုးဘုရင်တစ်ပါးလိုပြောင်းလဲသွားတယ် ။

စီနီယာအကိုရီပေါ်ရောက်လာပြီ!!

" မင်းလား ''

" အဟက်!! ဝမ်ရီပေါ် ထျန်းရှင်းကျောင်းတော်ရဲ့ပါရမီရှင်တဲ့လား ။ မင်းက ငါတို့ရဲ့စီနီယာအကိုဝူရှင်းနဲ့ယှဉ်လိုက်ရင် ဘာအဆင့်မှမရှိတဲ့ကောင်ပဲ ။ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ မကြာခင် မင်းလည်းသေရ... ''

ထိုလူပြောလို့မပြီးခင်မှာပဲ သူ့ခေါင်းကမြေပြင်ပေါ်ပြုတ်ကျသွားတယ် ။ ကြည့်နေကြတဲ့လူတွေကလည်း ဝမ်ရီပေါ်ဆိုတဲ့လူရဲ့ လျှပ်စီးလိုလျင်မြန်တဲ့လှုပ်ရှားမှု့ကြောင့် ကြက်သေသေသွားတယ် ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now