''32''

6.4K 943 15
                                    

ရှောင်ကျန့်က သူ့ရဲ့စွမ်းအားတွေ ချိတ်ပိတ်ခံလိုက်ရတာကြောင့် ဘာမှမတက်နိုင်တော့ဘူး ။ ဝမ်ရီပေါ်ဆိုတဲ့ အဲ့ဒီကလေးက အရမ်းဆိုးတယ် ။ သူ့ကိုဘယ်မှပေးမသွားပဲ အချိန်ပြည့်အနားမှာထိုင်ပြီး စောင့်ကြည့်လို့နေတယ် ။ ဝမ်ရီပေါ်က သူ့ကိုဝန်ခံတုန်းက ဘာမှကိုမစဉ်စားနိုင်ဖြစ်သွားတာ ။ အဲ့တာကြောင့်ထွက်ပြေးဖို့ ရွေးချယ်ခဲ့တယ် ။ သူကိုယ်သူလည်း ဘာလို့အဲ့ဒီလိုလုပ်မိမှန်းမသိခဲ့ဘူး ။

ဝမ်ရီပေါ်ကို မတွေ့ရတဲ့နှစ်လအတွင်း သူ့ရဲ့နှလုံးသားက တစ်ခုခုဖြစ်နေသလိုပဲ ။ ဘာဖြစ်နေမှန်းဆိုတာကို နည်းနည်းလေးတောင်စဉ်းစားလို့မရဘူး ။ နေရာတိုင်းမှာ ဝမ်ရီပေါ်ရဲ့ပုံရိပ်တွေကပြည့်နှက်နေပြီး အထီးကျန်နေသလိုဖြစ်နေတယ် ။ အဲ့တာကြောင့်မို့ ဝမ်ရီပေါ်ကိုပြန်တွေ့တုန်းက တင်းကြပ်နေအောင်ဖက်ထားမိတာ ။ ဝမ်ရီပေါ်နဲ့ပြန်လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တာ ။

အချိန်ကြာလာတော့ ဘာမှမလုပ်ပဲဒီအတိုင်းနေနေရတဲ့အတွက် အရမ်းပျင်းလာခဲ့တယ် ။ အဲ့တာကြောင့်မို့ ထွက်ပြေးသလိုဟန်ဆောင်ပြီး ဝမ်ရီပေါ်ကိုစနှောက်ခဲ့တာ ။ ဒါပေမဲ့ဝမ်ရီပေါ်က သူ့ကိုလိုက်မရှာဘူး ။ သူ့ရဲ့နှလုံးသားက မကျေမနပ်ဖြစ်သွားတော့တယ် ။ သူက ဝမ်ရီပေါ်ကိုလိုက်ရှာစေချင်လို့ ပုန်းနေပါတယ်ဆိုမှ ။ ရှောင်ကျန့်က မပျော်တော့ပေ ။

အဲ့ဒီနောက်မှာတော့ အတင့်ရဲတဲ့မိစ္ဆာတစ်ချို့က ဝမ်ရီပေါ်ကိုတိုက်ခိုက်ခဲ့တယ် ။ သွေးတွေအန်ပြီး လဲကျသွားတဲ့ဝမ်ရီပေါ်ကြောင့် သူ့ရဲ့နှလုံးသားက ကြောက်ရွံမှု့တွေနဲ့ပြည့်နှက်သွားတယ် ။ ဝမ်ရီပေါ်က နမ်းပေးဖို့တောင်းဆိုလာတာမို့ တွေဝေမှုမရှိနမ်းပေးလိုက်တယ် ။ ဒါပေမဲ့သူ့ပါးစပ်ထဲ ဝင်လာတဲ့ဆေးလုံးကြောင့် တစ်ခုခုမှားနေမှန်းသတိထားမိခဲ့တယ် ။

အဲ့ဒီချိန်မှာပဲအားနည်းနေတဲ့ ဝမ်ရီပေါ်က သူ့နှုတ်ခမ်းတွေကို အငမ်းမရနမ်းလာကာ ဆေးလုံးကိုအတင်းမျိုးချစေတယ် ။ ဘာမှတောင်မတုန့်ပြန်နိုင်ခဲ့ဘူး ။ ရှောင်ကျန့်က လှည့်စားခံလိုက်ရပြီဆိုတာကို နားလည်သွားတော့တယ် ။ ဝမ်ရီပေါ်က ဆေးလုံးကိုအသုံးပြုပြီး သူ့စွမ်းအားတွေကိုချိပ်ပိတ်ပစ်လိုက်ပြီ ။ ဟူး! ဆိုးလိုက်တဲ့ကလေး သူမှာတော့ အရမ်းလန့်သွားခဲ့ရတာ ။ တော်သေးတာပေါ့ ဘာမှဖြစ်မသွားလို့ ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now