''24''

5.9K 992 24
                                    

ရှောင်ကျန့်က သတိပြန်ရလာတော့ ဘာတွေဖြစ်သွားလဲဆိုတာကို ပြန်စဉ်းစားလိုက်တယ် ။ သူအရမ်းပင်ပန်းနေတဲ့အတွက် ဝမ်ရီပေါ်နဲ့လိုက်မသွားပဲ အိပ်နေခဲ့ဖို့ဆုံးဖြတ်ခဲ့တယ် ။ ဝမ်ရီပေါ်ကလည်း ထူးထူးဆန်းဆန်းသူပြောတာကိုလက်ခံပေးခဲ့တယ် ။ အရင်လိုသူ့ရဲ့စိတ်ဝိညာဉ်နယ်မြေထဲကို သူ့ကိုထည့်မထားတော့ပေ ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့မဲ့အချိန် ထူးဆန်းနေတဲ့ခံစားချက်ကြီးကြောင့် နိုးသွားရတော့တယ် ။

မုကျစ်ဖန်ဆိုတဲ့လူက သူ့အခန်းထဲရောက်နေပြီး သူ့ကိုမျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေတယ်လေ ။ သူဘာမှမပြောရသေးခင်မှာပဲ အဲ့ဒီလူက သူ့အနားကိုရောက်လာပြီး သူ့ကို သတိမေ့သွားအောင်လုပ်ပစ်ခဲ့တယ် ။ မုကျစ်ဖန်က သူ့ကို ဘာလို့ဒီလိုလုပ်ရလဲဆိုတာ ရှောင်ကျန့်က နားမလည်ပေ ။ အမှားလုပ်ခဲ့တဲ့လူက သူမဟုတ်ဘူးလေ ။ ဟူး! သူပုံစံက အနိုင်ကျင့်ဖို့လွယ်တဲ့ ပုံစံဖြစ်နေလို့လား ။

ရှောင်ကျန့်က စိတ်ညစ်စွာသက်ပြင်းချလိုက်တယ် ။ ဝမ်ရီပေါ်တော့ သူပျောက်သွားမှန်းသိရင် မြေလှန်သောင်းကြမ်းတော့မှာပဲ ။ ဝမ်ရီပေါ်မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ စွမ်းအားတွေလည်းရှိနေတယ်လေ ။ ရှောင်ကျန့်က သူ့ကိုယ်သူစိတ်ပူရမဲ့အစား ဝမ်ရီပေါ်ဘာတွေလုပ်မလဲဆိုတာကို အရင်တွေးပြီးစိတ်ပူနေရတယ် ။ ထူးဆန်းတာတစ်ခုကတော့ သူလုံးဝကြောက်မနေခဲ့ဘူး ။

အဲ့ဒီအချိန်မှာပဲ မုကျစ်ဖန်ဆိုတဲ့လူက သူ့ရှေ့မှာပေါ်လာပြီး သူ့ကို ဘာလို့ဖမ်းရတယ်ဆိုတဲ့ အကြောင်းကိုပြောပြလာတယ် ။ မုကျစ်ဖန်က ဝမ်ရီပေါ်စီမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို လိုချင်တဲ့အတွက် သူ့ကို အခုလိုဖမ်းထားတာဖြစ်တယ် ။ အဲ့ဒီလူက ဝမ်ရီပေါ်ကို သူနဲ့ခြိမ်းခြောက်ပြီး ပစ္စည်းတွေကိုလုယူဖို့ကြိုးစားနေတယ် ။ ရှောင်ကျန့်က ဘာမှမပြောနိုင်တော့ပေ ။

ဒါကသူ့ရဲအပြစ်တွေပဲ ။ သူက မုကျစ်ဖန်ဆိုတဲ့လူကို လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူအဖြစ်ပုံဖော်ထားခဲ့တာလေ ။ မုကျစ်ဖန်ရဲ့အဆုံးသတ်ကိုတွေးမိတော့ သက်ပြင်းအကြိမ်ကြိမ်သာချမိတော့တယ် ။ အဲ့ဒီအချိန်မှာပဲ လင်းဟောက်ဆိုတဲ့လူက ရောက်ချလာတယ် ။ အဲဒီလူက မုကျစ်ဖန်နဲ့စကားတွေများကာ ပြသာနာတက်နေကြတယ် ။

The protagonist rebel against the writer [ Completed ] Место, где живут истории. Откройте их для себя