''36''

6.3K 968 32
                                    

ရှောင်ကျန့်က သူ့ကိုမျက်ရည်တွေနဲ့ စိုက်ကြည့်နတဲ့ဝမ်ရီပေါ်ကြောင့် အနမ်းတွေနဲနှစ်သိမ့်ပေးလိုက်တယ် ။ ဝမ်ရီပေါ်က သူ့ကြောင့်အရမ်းနာကျင်ခဲ့ရတာ ။ သူ့ကို နှစ်ပေါင်များစွာလိုက်ရှာနေခဲ့ရတာ ။ ပြန်ရှာတွေ့တော့လည်း သူ့ရဲ့အနားကိုမလာနိုင်ခဲ့ဘူး ။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ? ။ သူရဲ့ကလေး​လေးက သူပြန်လာမှာကို မျှော်လင့်တကြီးစောင့်စားနေရရှာတာ ။

သူ့အနားကိုရောက်အောင်ကြိုးစားပြီး လာခဲ့တော့လည်း ပြန်ရလိုက်တာက မင်းကဘယ်သူလဲတဲ့ ။ သူက ဝမ်ရီပေါ်ကိုမေ့သွားရတယ်လို့  ။ ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ? ။ ဒါပေမဲ့ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး သူရဲ့အနားမှာဆက်နေခဲ့တယ် ။ သူ့ရဲ့သူစိမ်းဆန်မှုတွေကို ဘယ်လိုများတောင့်ခံနေခဲ့ပါလိမ့် ။ သူမမြင်အောင် တစ်နေရာကိုသွားပြီး တိတ်တိတ်​လေးငိုနေမလား? ။

ရှောင်ကျန့်က ရင်ဘတ်တွေတင်းကြပ်လာတယ် ။ သူကတော့ တစ်ခြားတစ်နေရာမှာ ကောင်းကောင်းမွန်မွန်ရှိနေပြီး ဝမ်ရီပေါ်ကတော့ အရူးတစ်ယောက်လို သူ့ကို အဆက်မပြတ်ရှာဖွေနေခဲ့တာ ။ ဝမ်ရီပေါ်အပေါ်မှာ အကြွေးတွေအများကြီးတင်နေတယ် ။ အဲ့ဒီအကြွေးတွေကို သူဘယ်လိုကျေအောင်ဆပ်ရမလဲ? ။ သူရဲ့သနားစရာ ကလေးလေး ။

" ရီပေါ် ကိုယ်ရဲ့ကလေးလေး ကိုယ့်ကိုချစ်တယ်လို့ပြော ။ ''

" ချစ်တယ် ။ ရှောင်ကျန့်ဆိုတဲ့ ခင်များကို ရူးလောက်အောင်ကိုချစ်တယ် ။ ဝမ်ရီပေါ်ဆိုတဲ့လူသားက ရှောင်ကျန့်ဆိုတဲ့လူသားကို ရူးခါနေအောင်ကိုချစ်တယ် ''

ရှောင်ကျန့်က မျက်ရည်တွေစီးကျလာတယ် ။ တစ်ခါမှဒီလိုမပျော်ဖူးဘူး ။ သူက ဝမ်ရီပေါ်ကို မတွေ့ရတော့ဘူးထင်နေခဲ့တာ ။ ဝမ်ရီပေါ်ရဲ့အနားမှာ မနေနိုင်တော့မှာကို ကြောက်နေခဲ့တာ ။ သူက... သူက ဝမ်ရီပေါ်ရဲ့အနားကို ပြန်မသွားနိုင်တော့ဘူးလို့ထင်နေခဲ့တာ ။ ဝမ်ရီပေါ်က သူ့ကိုလက်မလျော့ခဲ့လို့ သူ့ကိုအဆက်မပြတ်လိုက်ရှာခဲ့လို့ အခုလိုဝမ်ရီပေါ်နဲ့ ပြန်တွေ့ရတာ ။

" ကိုယ် မင်းကိုချစ်တယ် ။ ဒီတစ်ခါတော့ ကိုယ် ဒီစကားကိုပြောဖို့ တွန့်ဆုတ်နေတော့မှာမဟုတ်ဘူး ။ ကိုယ် မင်းကိုအရမ်းချစ်တယ် ရီပေါ် ''

The protagonist rebel against the writer [ Completed ] Where stories live. Discover now