''38''

6.3K 951 7
                                    

" မင်းက ကိုယ့်ကိုချစ်တယ်? ကိုယ့်ကိုလေ? "

ရှောင်ကျန့်က သူ့ကိုယ်သူ လက်ညှိုးထိုးပြီးမေးလိုက်တယ် ။ သူမယုံကြည်နိုင်သေးဘူး ။ လျိုရီအန်းက သူ့ကို ချစ်တယ်လို့ဆိုတာကို ။ လျိုရီအန်းက သူ့ကို ဘယ်လိုလုပ်ပြီးချစ်သွားရတာလဲ ။ ဖန်းချင်းယုံဆိုတဲ့ နတ်ဘုရားမျိုးနွယ်ကလူနဲ့ ချစ်ကြိုက်သွားရမဲ့ဟာကိုလေ ။ သူ့လိုဗီလိန်ဇာတ်ကောင်ကို ဘယ်လိုလုပ်ချစ်မိသွားတာလဲ ။ ရှောင်ကျန့်က နားမလည်ပေ ။

သူကတော့ လျို့ဝှက်ချက်ကိုရှာတွေ့သွားလို့ ပုံစံခွက်ကြီးထဲက ဖောက်ထွက်သွားတာလေ ။ လျိုရီအန်းရဲ့အခြေအနေက သူနဲ့မတူဘူး ။ ဒါကိုဘယ်လိုလုပ်ပြီး သူ့ကိုချစ်ရတာလဲ ။ ဒါမှမဟုတ် လျိုရီအန်းက သူ့ကို အစတည်းကသဘောကျနေခဲ့တာလား ။ အဲ့တာကြောင့်မို့ သူ့ကိုချစ်သွားတာပေါ့ ။ ဖြစ်နိုင်တယ်! ဒါကအဖြစ်နိုင်ဆုံးပဲ ။ သူ့ရဲ့အတိတ်ဘဝမှာ လျိုရီအန်းက သူ့ကိုအထင်လွဲပြီးမုန်းနေတာ ။ ဒါကြောင့်မို့ အဖြစ်မှန်တွေကိုသိသွားပြီးနောက် အကြီးအကျယ်ငိုနေခဲ့တာ ။ ဒီလိုဖြစ်နေခဲ့တာကို ။

" ကိုယ်ရဲ့နှလုံးသားထဲမှာ တစ်ခြားတစ်ယောက်ရှိနေပြီးပြီ ။ ကိုယ်ရဲ့နှလုံးသားက သူကလွဲပြီး ဘယ်သူမှလက်မခံနိုင်ဘူး ။ သူက ကိုယ့်ဘဝကြီးထက်တောင်အရေးကြီးတယ် ။ ကိုယ်က သူ့ကို အရာအားလုံးထက်ပိုချစ်တယ် ။ ''

" ကျွန်တော်ကရော? ။ အကိုက ကျွန်တော်အတွက်တော့ မစဉ်းစားပေးဘူးပေါ့ ။ အရင်က အကိုပြောခဲ့တယ် ။ ကျွန်တော်က အကို့အတွက်အရေးအကြီးဆုံးတဲ့ ။ ကျွန်တော်ကို ဘယ်တော့မှထားမသွားဘူးတဲ့ ။ ဒါပေမဲ့အကိုဘာလုပ်ခဲ့လဲ ။ အကိုက ကျွန်တော့်ကိုထားသွားခဲ့တယ် ။ ကျွန်တော့်ကို အကြိမ်ကြိမ်နာကျင်စေခဲ့တယ် ။ အကိုပေးခဲ့တဲ့ ကတိတွေအားလုံးကို တစ်ခုမကျန်ချိုးဖောက်ခဲ့တယ် ။ အဲ့ဒီလူအတွက် အကိုက ကျွန်တော့်ကို ထပ်ခါထပ်ခါဒဏ်ရာရအောင်လုပ်ခဲ့တယ် ။ အကိုပြောခဲ့တယ်လေ ကျွန်တော့်အနားမှာ တစ်သက်လုံးရှိနေပေးမှာဆို ''

"...........''

" ဘာလို့လဲ? ဘာလို့ကတိမတည်ရတာလဲ! ကျွန်တော့်ကို ဘာလို့ညာပြောခဲ့တာလဲ! "

The protagonist rebel against the writer [ Completed ] Where stories live. Discover now