''8''

7.8K 1.3K 31
                                    

ဝေ့လျုံရီက မျက်နှာတစ်ခုလုံးနီရဲနေတဲ့ရှောင်ကျန့်ကြောင့် အနည်းငယ်ဇဝေဇဝါဖြစ်နေရတယ် ။ ဒါပေမဲ့ရှောင်ကျန့်ရဲ့လည်ပင်းက သွားကိုက်ရာကြီးကြောင့် ချက်ခြင်းသဘောပေါက်သွားသည် ။ သူထင်နေတဲ့အတိုင်းပဲ ရှောင်ကျန်နဲ့ဝမ်ရီပေါ်ရဲ့ပတ်သတ်မှု့က ရိုးရှင်းမနေဘူး ။ ဒီနှစ်ယောက်က ချစ်သူတွေတောင်ဖြစ်လောက်တယ် ။

" သခင်လေးဝမ်ရီပေါ် ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အနောက်ကနေ လိုက်ခဲ့ပေးပါ ။ ''

ဝမ်ရီပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အနောက်ကနေလိုက်တယ် ။ ရှောင်ကျန့်က တစ်ယောက်တည်းနေချင်ပေမဲ့လည်း ဝမ်ရီပေါ်က သူ့လက်တွေကိုအတင်းဖိကိုင်ထားတာမို့ ဘာမှမတက်နိုင်ခဲ့ ။  ဝေ့လျုံရီက သူတို့ကို ပထမအကြီးအကဲဆိုတဲ့လူစီ ခေါ်သွားပြီး ဆေးကုသပေးဖို့တောင်းဆိုတယ် ။ ဝမ်ရီပေါ်က ဝေ့လျုံရီရဲ့အနက်ရောင်ကြာပန်းကိုယူထားတာမို့ ကုသပေးမယ်ဆိုတာလည်း သူသိတယ် ။

ဒါပေမဲ့သူနားမလည်တာက ဝမ်ရီပေါ်က ဆေးဆရာမဟုတ်ဘူးလေ ။ ပျောက်အောင်ကုသပေးဖို့နေနေသာသာ မသတ်မိရင်တောင်ကံကောင်း ။ အခုသူ့ရှေ့ကဝမ်ရီပေါ်ကတော့ ဆေးပညာနဲ့ပတ်သတ်ပြီးအလွန်ကျွမ်းကျင်တဲ့ပုံပဲ ။ ရှောင်ကျန့်က ဘေးနားမှာငြိမ်ငြိမ်လေးထိုင်ပြီး ဝမ်ရီပေါ်ကုသပေးနေတာကို စိုက်ကြည့်လို့နေတယ် ။ သူရဲ့အထင်တွေကလည်း တဖြည်းဖြည်းသေချာလာတယ် ။ ဝမ်ရီပေါ်က သူဖန်တီးထားတဲ့ဇာတ်ကောင်မဟုတ်ခဲ့ဘူး ။ သူရဲ့ဇာတ်ကောင်နေရာကို အစားဝင်ထားတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်တစ်ကောင်ပဲ ။

ရှောင်ကျန့်က အဲ့ဒီအကြောင်းကို မသိချင်ယောင်ဖို့ ရွေးချယ်လိုက်တယ် ။ သူ့ကိုဒုက္ခပေးမဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ သူခံစားမိတာကြောင့် အခုလိုရွေးချယ်ခဲ့တာလည်းဖြစ်နိုင်တယ် ။ ဝမ်ရီပေါ်က ထူးဆန်းပေမဲ့လည်း သူ့ကိုနာကျင်အောင်လုပ်မှာ မဟုတ်တာတော့သေချာတယ် ။ ဒီလိုခံစားချက်က ဘယ်ကနေရောက်လာမှန်းတောင် သူမသိဘူး ။

" ပထမအကြီးအကဲကို အခုလိုမျိုးကုသပေးတဲ့အတွက် ဒီကမောင်ရင်ကို ကျေးဇူးတင်ပါတယ် ''

The protagonist rebel against the writer [ Completed ] Tempat cerita menjadi hidup. Temukan sekarang