''21''

6.5K 985 21
                                    

ကျင်းမုယွမ်က ဝမ်ရီပေါ်ကျောင်းတော်ကို ပြန်ရောက်လာပြီဆိုတဲ့သတင်းကြောင့် ဟန်တောင်မဆောင်နိုင်ပဲ ချက်ခြင်းပြေးသွားတော့တယ် ။ ဝမ်ရီပေါ်က သူမကို ဘယ်လိုပဲဆက်ဆံဆက်ဆံ သူမဂရုမစိုက်ဘူး ။ ဝမ်ရီပေါ်က ရှောင်ကျန့်ဆိုတဲ့လူကို ချစ်တယ်ဆိုလည်းရတယ် ။ သူမက ဝမ်ရီပေါ်အနားမှာရှိနေချင်ရုံလေးပါ ။ သူမရဲ့နှလုံးသားက ဘယ်လောက်ပဲနာကျင်နေပါစေ ဝမ်ရီပေါ်ရဲ့အနားမှာနေရမယ်ဆိုရင် သူမက အားလုံးကိုမေ့ပျောက်ထားလို့ရတယ် ။

သူမ အဲ့ဒီနေရာကိုရောက်သွားတော့ ရှောင်ကျန့်ကိုပွေ့ချီပြီး နူးညံ့တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ဝမ်ရီပေါ်ကိုတွေ့လိုက်ရတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကို နှင်းပွင့်လေးလိုမျိုး မထိရက်မကိုင်ရက်နဲ့ ။ ဝမ်ရီပေါ်ရဲ့အပြုအမူတွေက အရမ်းနူးညံ့နေတယ် ။ သူမရဲ့နှလုံးသားကနာကျင်နေပေမဲ့ မကြည့်ပဲလည်းမနေနိုင် ။ ဝမ်ရီပေါ်ရဲ့နူးညံ့တဲ့အပြုအမူတွေက သူမအတွက်မဟုတ်ဘူးဆိုရင်တောင်မှ သူမက အဲ့ဒီအရာတွေကိုမြတ်နိုးနေတုန်းပဲ ။

ဝမ်ရီပေါ်က သူမကိုတွေ့တော့ စိတ်ပျက်သွားသလိုဖြစ်သွားတယ် ။ အေးစက်ပြီးမကျေနပ်တဲ့ မျက်လုံးတွေနဲ့ သူမကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ် ။ သူမ တကယ်နားမလည်နိုင်တော့ဘူး ။ ဝမ်ရီပေါ်က သူမကို ဘာလို့မုန်းနေတယ်လို့ခံစားရတာလဲ ။ ဝမ်ရီပေါ်က သူမကို ရန်သူတစ်ယောက်လို ဘာကြောင့်ဆက်ဆံနေရတာလဲ ။ သူမက ဘာအမှားမှမလုပ်မိပါဘူး ။

" မင်းကဘာလာလုပ်တာလဲ? ။ ငါ မင်းမျက်နှာကိုမတွေ့ချင်ဘူးလို့ ​ပြောထားတယ်မဟုတ်လား ''

ကျင်းမုယွမ်က ဝမ်ရီပေါ်ရဲ့မနှစ်မြို့မှုတွေ ပါနေတဲ့စကားသံကြောင့် မျက်ရည်တွေဝဲတက်လာတော့တယ် ။ သူမက မငိုမိအောင်ကြိုးစားပြီးထိန်းချုပ်နေတယ် ။ သူမရဲ့နှလုံးသားက ခံနိုင်ရည်မရှိဘူး ။ ဒီယောက်ျားကို ဘာလို့စွဲလမ်းမိသွားရတာလဲ ။

" ရီပေါ် အဲ့ဒီလိုမပြောရဘူး ''

ရှောင်ကျန့်က သနားစရာကောင်းနေတဲ့ ကျင်းမုယွမ်ရဲ့ပုံစံလေးကြောင့် ဆက်မကြည့်ရက်တော့ ။ ကျင်းမုယွမ်က သူဖန်းတီးထားတဲ့ လှပတဲ့အမျိုးသမီးဇာတ်ကောင်လေးလေ ။ သူမက သူဖန်တီးထားတဲ့ဇာတ်လမ်းကြောင့်ပဲ ဝမ်ရီပေါ်ကိုရူးသွပ်နေတဲ့ အချစ်ရူးမလေးတစ်ယောက်ဖြစ်ခဲ့ရတယ် ။ ရှောင်ကျန့်က အပြစ်ရှိသလိုခံစားလိုက်ရတယ် ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now