''25''

6.3K 1K 13
                                    

မုကျစ်ဖန်နဲ့လင်းဟောက်က ပြောင်းလဲသွားတဲ့ကောင်းကင်ကြီးကြောင့် တိုက်ခိုက်နေတာကိုရပ်တန့်လိုက်တယ် ။ ဘာတွေဖြစ်ကုန်တာလဲ ။ အဲ့ဒီအချိန်မှာပဲ ခေါင်းပြတ်တစ်ခုက ဘောလုံးလို သူတို့ရှေ့လိမ့်ကျလာတယ် ။ မုကျစ်ဖန်ရဲ့မျက်လုံးတွေက ခေါင်းပြတ်ကြီးစီမှာရှိလို့နေပြီး လင်းဟောက်ရဲ့မျက်လုံးတွေကတော့ လူငယ်တစ်ယောက်စီမှာ ။ ဝမ်ရီပေါ်!! ဒါ... ဒါဆိုရင် ကောင်းကင်ကြီးကို အခုလိုဖြစ်သွားအောင် လုပ်ခဲ့တဲ့တရားခံက ဝမ်ရီပေါ်ပေါ့!! ။

" သိပ်ကိုသတ္တိတွေရှိနေတာလား ။ ငါ့လူကိုလာထိရဲတယ်ဆိုတော့ ''

ဝမ်ရီပေါ်က ငရဲကနေတက်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး မုကျစ်ဖန်ရဲ့အနားကိုသွားလိုက်တယ် ။ သူ့ရဲ့အနားမှာ သေဆုံးခြင်းအော်ရာတွေကပြည့်နှက်နေပြီး ခြေလမ်းတစ်လမ်းလှမ်းလိုက်တိုင်း အဲ့ဒီနေရာကသစ်ပင်၊မြက်ပင်တွေက ညှိုးကျသေဆုံးသွားခဲ့တယ် ။ မုကျစ်ဖန်က ကြောက်ရွံစွာတုန်လှုပ်ပြီး ဘာမှတောင်မလုပ်နိုင်တော့ ။ မြေကြီးပေါ်ဒူးထောက်ဖို့ ဖိအားပေးခံလိုက်ရတော့တယ် ။ နတ်ဘုရားအဆင့်မှာရှိနေတဲ့ မုကျစ်ဖန်က ဝမ်ရီပေါ်ကို ဒူးထောက်နေရတယ် ။

" အဟက်! နတ်ဘုရားအဆင့်လေးနဲ့များ ကိုယ့်ကိုဟုတ်လှပြီထင်နေတယ် ။ ''

ဝမ်ရီပေါ်က သူရဲ့ခြေထောက်ကို မုကျစ်ဖန်ရဲ့ပုခုံးပေါ်တင်လိုက်တယ် ။ မုကျစ်ဖန်က ဘာမှပြန်မလုပ်နိုင်ခဲ့ ။ အဲ့ဒီနောက်မှာတော့ ဝမ်ရီပေါ်က နတ်ဆိုးတစ်ယောက်လိုပြုံးလိုက်ပြီး မုကျစ်ဖန်ကို အရှင်လတ်လတ်ပြာချပစ်လိုက်တယ် ။ မုကျစ်ဖန်ရဲ့ဝိညာဉ်ကလည်း အတူလောင်ကျွမ်းသွားခဲ့တယ်  ။

လင်းဟောက်က သူ့ကို ကြည့်လာတဲ့ဝမ်ရီပေါ်ကြောင့် အသက်အောင့်ထားမိသွားတယ် ။ ဝမ်ရီပေါ်က သူထင်ထားခဲ့သလိုပဲ အလွန်ကြောက်ဖို့ကောင်းတဲ့ လူတစ်​ယောက်ဖြစ်နေခဲ့တယ်လေ ။ ဝမ်ရီပေါ်က သူတို့လိုလူသားစစ်စစ်မဖြစ်နိုင်ဘူး ။ မသေမျိုးတန်ခိုးရှင် ဒါမှမဟုတ် နတ်ဘုရားမျိုးနွယ်ဝင်တောင်ဖြစ်နေနိုင်သေးတယ် ။

" သော့က ဘယ်မှာလဲဆိုတာ မင်းသိတယ်မလား? "

" ဘာ... ဘာသော့လဲ? "

The protagonist rebel against the writer [ Completed ] Where stories live. Discover now