''5''

8.6K 1.2K 20
                                    

ဝေ့မိသားစုရဲ့သခင်လေး ဝေ့လျုံရီက သူ့ကိုမကူညီပဲထွက်သွားဖို့ရွေးချယ်လိုက်တဲ့ လူစိမ်းနှစ်ယောက်ကြောင့် စိတ်ဓာတ်ကျသွားတယ် ။ ဒါပေမဲ့အဲ့ဒီလူစိမ်းနှစ်ယောက်ကိုတော့ သူအပြစ်မတင်လိုပါဘူး ။ အကယ်ဤအဲ့ဒီလူတွေနေရာမှာ သူဆိုရင်လည်း ကိုယ်နဲမသိတဲ့သူစိမ်းတစ်ယောက်အတွက် ဒုက္ခရောက်ခံမှာမဟုတ်ဘူးလေ ။ ဟူး! သူ့ကံကြမ္မာပဲပေါ့ ။

" ဒုတိယသခင်လေး သူတို့က ကျွန်တော်တို့ဘယ်သူမှန်းသိနေတာတောင်မှ မကူညီဘူးလား ။ သူတို့တွေက ဘယ်လိုတောင်အတင့်ရဲတဲ့လူတွေလဲ ။ သခင်လေးရဲ့အကူအညီ​တောင်းခံတာတောင်မှ လျစ်လျုရှူရဲတယ် ''

" ထားလိုက်ပါတော့ သူတို့ကိုအပြစ်ပြောလို့တော့မရဘူးလေ ။ ငါတို့ရဲ့ကံပဲပေါ့ ''

တစ်ဖက်အခြမ်းမှာတော့ ဝမ်ရီပေါ်နဲ့ရှောင်ကျန့်က အေးဆေးထိုင်နေကြတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်အတွက် ကြာစေ့တွေကိုဂရုတစိုက်ခွာပေးနေကာ ရှောင်ကျန့်ကတော့ သူ့အရှေ့ကတိုက်ပွဲကို စိတ်ဝင်တစားကြည့်လို့နေတယ် ။

" ဝမ်ရီပေါ် အဲ့ဒီအနက်ရောင်ဝတ်စုံနဲ့လူရဲ့အဆင့်က ဘယ်လောက်မှာလဲ ။ မင်းဆိုရင်ကော အဲ့ဒီလူကိုနိုင်နိုင်လား? "

" အဲ့ဒီလူကိုသတ်ဖို့ တစ်မိနစ်တောင်မကြာဘူး ''

"အာ! အဲ့လောက်တောင်လွယ်တာလား? ဒါဆိုရင် သူတို့ကျတော့ အဲ့ဒီလူကို ဘာလို့အသည်းအသန်တိုက်နေရတာလဲ? "

" သူတို့တွေက အခုမှအလယ်အလတ်မြေကမ္ဘာအဆင့်ပဲရှိသေးတာ ။ ဟိုလူက နောက်ပိုင်းကောင်းကင်အဆင့်လေ ။ ဘယ်လိုလုပ်နိုင်မှာလဲ ''

" နောက်ပိုင်းကောင်းကင်အဆင့်! "

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့စကားကြောင့် မျက်လုံးတွေပြူးကျယ်သွားတယ် ။ နောက်ပိုင်းကောင်းကင်အဆင့်တဲ့လား ။ ဝမ်ရီပေါ်က အဲ့ဒီလူကို တစ်မိနစ်တောင်မကြာပဲသတ်နိုင်တယ်ဆိုတော့ ဝမ်ရီပေါ်ရဲ့အဆင့်ကဘယ်နားမှာရှိနေမလဲ ။ အလယ်အလတ်တန်ခိုးရှင်အဆင့်လား ? ဒါမှမဟုတ်နောက်ပိုင်းတန်ခိုးရှင်အဆင့်လား? ။

" ဝမ်ရီပေါ် မင်းက တန်ခိုးရှင်အဆင့်မှာရှိနေတာလား? "

" ခင်များသိဖို့ မလိုအပ်သေးပါဘူး ။ ခင်များသိထားဖို့က ကျွန်တော်ရှိနေသ၍ ခင်များကို ဘယ်သူမှထိခိုက်အောင်လုပ်လို့မရဘူးဆိုတာပဲ ။ ''

The protagonist rebel against the writer [ Completed ] Donde viven las historias. Descúbrelo ahora