''23''

6.1K 1K 10
                                    

ဝူမင်းဖန်က ဝမ်ရီပေါ်စုံစမ်းခိုင်းထားတဲ့ လျို့ဝှက်နယ်မြေအကြောင်းကို သေချာစုံစမ်းပြီးတာနဲ့ ဝမ်ရီပေါ်ကို အကြောင်းကြားလိုက်တယ် ။ သူ့အဖိုးက ဝမ်ရီပေါ်ကို စိတ်ညစ်အောင်မလုပ်ဖို့ သူ့ကို အထပ်ထပ်အခါခါသတိပေးပြီး ဝမ်ရီပေါ်လိုချင်တာမှန်သမျှ လုပ်ပေးဖို့ပါပြောထားတယ် ။ တကယ်လို့သူ့အဖိုးက သူ့ကို အဲ့ဒီလိုမပြောရင်တောင် သူက ဝမ်ရီပေါ်ကိုအပြစ်မပြုရဲဘူး ။

မကြာခင်မှာပဲ ဝမ်ရီပေါ်က သူ့ရှေ့မှာပေါ်လာခဲ့တယ် ။ ဝူမင်းဖန်က ရုတ်တရက်ဒူးတွေတုန်တက်သွားတယ် ။ ဂလု! သူ့ကို ဘာမှတောင်မလုပ်ရသေးဘူးလေ ။ သူက ဘာကိုကြောက်နေရတာလဲ ။ ဝမ်ရီပေါ်က ဒီနေ့ကျမှပိုကြောက်ဖို့ကောင်းနေသလားလို့ ။ အာ! ဟုတ်သားပဲ ဒီနေ့ကဝမ်ရီပေါ်ဘေးမှာ အဲ့ဒီတစ်ယောက်ပါမလာဘူးလေ ။ အဲ့တာကြောင့်မို့ အခုလိုရေခဲတောင်ကြီးလို အေးစက်နေတဲ့အငွေ့သက်တွေ ထုတ်လွှတ်နေတာနေမယ် ။

အဲ့ဒီနောက်မှာတော့ ဝမ်ရီပေါ်က သူ့ရှေ့မှာဝင်ထိုင်လိုက်ပြီး သူ့ကို စကားဆိုလာတယ် ။

" သိရပြီလား? "

"အင်း ။ လျို့ဝှက်နယ်မြေနဲ့ပတ်သတ်တာတွေ ကျွန်တော် အကုန်သိခဲ့ရပြီ ။ နယ်မြေတံခါးဖွင့်ဖို့ဆိုတာကမခက်ပါဘူး သော့ကိုရှာတွေ့ရင်ရပြီ ။ သော့ကိုထိန်းသိမ်းထားတဲ့လူက ကျောင်းအုပ်ကြီးဆိုတဲ့လူပဲ ။ အဲ့ဒီလူက တစ်နှစ်မှာတစ်ကြိမ် လျို့ဝှက်နယ်မြေတံခါးကိုဖွင့်လေ့ရှိတယ် ။ အာ! ဒါပေမဲ့နယ်မြေတံခါးကို ဖွင့်ဖို့ဆိုတာက စွမ်းအားအများကြီးသုံးရတယ် ။ အဲ့တာကြောင့်မို့ သော့ရှိနေရင်တောင်မှ လုံလောက်တဲ့စွမ်းအားမရှိရင် ဖွင့်လို့မရဘူး ။ ''

" အဲ့ဒီအထဲမှာ တားမြစ်ထားတဲ့နေရာတွေရှိလား? "

" အဲ့ဒီလိုတော့ ကျွန်တော်မကြာဖူးဘူး ။ ဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ် နယ်မြေတံခါးပွင့်တုန်းကတော့ တစ်ခုခုဖြစ်သွားခဲ့တယ် ။ အန္တာရာယ်ရှိတဲ့အလင်းတန်းတစ်ခုက နယ်မြေထဲမှာပေါ်လာပြီး ကျောင်းသားတစ်ချို့ကို ဒဏ်ရာရသွားစေတယ် ။ ကျောင်းအုပ်ကြီးရဲ့တပည့်ဆိုတဲ့လူက အဲ့ဒီအလင်းတန်းကိုစုံစမ်းမယ်ဆိုပြီး နောက်ကနေလိုက်သွားခဲ့တယ် ။ ''

The protagonist rebel against the writer [ Completed ] Where stories live. Discover now