''35''

6.1K 1K 7
                                    

ဝမ်ရီပေါ်က အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတယ် ။ ရှောင်ကျန့်က သူ့မျက်စိရှေ့မှာပဲ နာကျင်နေတာလေ ။ သူက ဘာမှမလုပ်ပေးနိုင်ဘူး ။ အဓိကတရားခံတောင် ဖြစ်နေသေးတယ် ။ ရှောင်ကျန့်ရဲ့ကိုယ်ထဲကို တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်နေတဲ့ဓားတွေကိုကြည့်ပြီး ငိုနေရုံပဲတက်နိုင်ခဲ့တယ် ။ လူသားမျိုးနွယ်စုက ကျင့်ကြံသူတွေက သူ့ရဲ့ရှောင်ကျန့်ကို ဖျက်စီးနေကြတယ် ။

ဝမ်ရီပေါ်က သူ့ကိုဖမ်းချုပ်ထားတဲ့ လူရဲ့လက်ထဲကရုန်းထွက်နေတယ် ။ အဲ့ဒီလူက ရှောင်ကျန့်လဲကျသွားတာမြင်တော့မှ သူ့ကိုလွှတ်ပေးခဲ့တာ ။ ရှောင်ကျန်ရဲ့သွေးတွေက မြေပြင်မှာအိုင်နေခဲ့ပြီးအဖြူရောင်ဝတ်စုံလေးကလည်း အနီရောင်ကိုပြောင်းသွားတော့တယ် ။ ဝမ်ရီပေါ်က ယူကြုံးမရဖြစ်မှုတွေနဲ့ ရှောင်ကျန့်ရဲ့ကိုယ်လေးကိုပိုက်ကာ ထားမသွားဖို့တောင်းပန်နေခဲ့တယ် ။

ကတိမတည်တဲ့ လူသားကျင့်ကြံသူတွေက သူ့ကိုသတ်ဖို့ပါ ကြိုးစားလာကြတယ် ။ နတ်ဘုရားမျိုးနွယ်စုက လူတွေကလည်း ဘာမှဝင်မပြောပဲ ရပ်ကြည့်လို့နေတယ် ။ သူတို့တွေက သူလက်တုန့်ပြန်လာမှာကို ကြောက်နေကြတဲ့ပုံပဲ ။ အဟက်! သူတို့တွေက ရှောင်ကျန့်ကိုပေးထားတဲ့ကတိတောင် မတည်ချင်ကြဘူး ။ သူကလည်း သေဆုံးချင်နေတဲ့အတွက် ငုတ်တုတ်ထိုင်ကာ သူ့ကို သတ်လာမဲ့လူတွေကို စောင့်နေလိုက်တယ် ။

ဒါပေမဲ့အဲ့ဒီလူတွေက သူ့ကို လက်ဖျားနဲ့တောင်မထိနိုင်ခဲ့ ။ သူ့အနားကိုရောက်တာနဲ့ အဝေးကိုလွင့်ထွက်သွားကြတယ် ။ ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှမသိပေမဲ့ ဝမ်ရီပေါ်ဆိုတဲ့သူကတော့ သိနေခဲ့တယ် ။ ရှောင်ကျန့်ရဲ့ဝိညာဉ်က သူ့အနားမှာရှိနေတုန်းပဲ ။ ရှောင်ကျန့်က သူ့ကိုပြောခဲ့တယ် ။ သူနေတဲ့ကမ္ဘာကြီးက အစစ်မဟုတ်ဘူးဆိုတာကို ။ စာအုပ်တစ်အုပ်ဆိုတဲ့ အကြောင်းကိုလေ ။ ရှောင်ကျန့်က ပြန်ရှင်လာနိုင်တယ် ။

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ကိုယ်လေးကိုပွေ့ချီုပြီး ထွက်သွားလိုက်တယ် ။ နတ်ဘုရားမျိုးနွယ်ကလူတွေရော ၊ လူသားကျင့်ကြံသူတွေရောက သူ့ကိုရပ်ကြည့်နေရုံပဲတက်နိုင်ခဲ့တယ် ။ သူတို့က သူရဲ့အနားကိုကပ်လာလို့မရဘူး ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အသက်မရှိတော့တဲ့ကိုယ်လေးကို ရေခဲနဲ့ပြုလုပ်ထားတဲ့ ရေခဲကုတင်ပေါ်တင်လိုက်ပြီး သွေးတွေကိုဆေးကြောပေးလိုက်တယ် ။ ရှောင်ကျန့်က ညစ်ပတ်နေတယ် ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now