''27''

6K 997 14
                                    

ရှောင်ကျန့်က ဘာတွေဖြစ်သွားမှန်း​တောင်မသိလိုက်ချေ ။ သူသိလိုက်တာက ဝမ်ရီပေါ်ရဲ့မျက်နှာက ရေခဲတုံးပမာအေးစက်သွားပြီး သူ့ကို စိတ်ဝိညာဉ်နယ်မြေထဲ ထည့်သွင်းပစ်လိုက်တယ်ဆိုတာပဲ ။ ဝမ်ရီပေါ်က ဘာဖြစ်သွားရတာလဲ? ။ သူ့အတွက် ဒါကပထမဆုံးအကြိမ်ပဲ ။ ဝမ်ရီပေါ်ရဲ့ပြောင်းလဲသွားတဲ့ အဲ့ဒီမျက်နှာကိုမြင်ဖူးတာ ။ အကြောက်တရားပဲ! ဝမ်ရီပေါ်ကကြောက်နေတယ် ။

ရှောင်ကျန့်က ဝမ်ရီပေါ်ကိုစိတ်ပူသွားတယ် ။ ဒါပေမဲ့သူက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာသိနေတော့ ဝမ်ရီပေါ်ထားတဲ့အတိုင်း လိမ်လိမ်မာမာနေရွေးချယ်လိုက်တယ် ။ သူ့ကြောင့် ဝမ်ရီပေါ်အလုပ်ရှုပ်မှာမလိုချင်ဘူး ။ သူဘာမှမဖြစ်မှ ဝမ်ရီပေါ်က ပိုသက်သာသွားမှာ ။ ဝမ်ရီပေါ်က ဘာမှမဖြစ်နိုင်လောက်ပါဘူး ။ ဝမ်ရီပေါ်ကဘယ်သူလဲ? ဝမ်ရီပေါ်က စွမ်းအားအရမ်းကြီးတဲ့လူ မဟုတ်ပါလား? ။

ရှောင်ကျန့်က သူ့ကိုသူစိတ်သက်သာရအောင် ပြောနေလိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်မြေက အရင်ကနဲ့မတူပဲ တစ်ခုခုထူးခြားနေတာကိုပါ သတိပြုမိသွားတယ် ။ အစက ဝမ်ရီပေါ်အတွက် ပူပန်နေရတာကြောင့် ဒါကိုသတိမထားမိခဲ့ ။ ဒါပေမဲ့ အခုအချိန်မှာတော့ သတိထားမိသွားပြီလေ ။ အရမ်းတောက်ပနေတယ် ။

ဟုတ်တယ်! ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်​မြေက အရင်ကနဲ့မတူတော့ဘူး ။ ပိုတောက်ပလာပြီး အားကောင်းလာသလိုပဲ ။ ပြီးတော့ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေ မရှိတော့ဘူး ။ တောင်လိုပုံနေတဲ့ ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေက ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်မြေထဲမှာ မရှိတော့ဘူး ။ ဘာဖြစ်သွားတာလဲ? ။ ရှောင်ကျန့်က ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားတယ် ။

အဲ့ဒီဝိညာဉ်စွမ်းအင် ​ကျောက်တုံးတွေအားလုံးက ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်မြေနဲ့ ပေါင်းစပ်သွားခဲ့တာပဲ ။ အဲ့တာကြောင့်မို့ စိတ်ဝိညာဉ်နယ်မြေက အခုလိုတောက်ပလာခဲ့တာနေမယ် ။ ရှောင်ကျန့်က သူ့ကိုယ်သူပြန်ချီးကျူးလိုက်တယ် ။ သူက အရမ်းတော်တာပဲ ။ ချက်ခြင်းခန့်မှန်းနိုင်တယ် ။ အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်က အရင်လိုဟိုသွားဒီသွားလျှောက်သွားပြီး ဘာပစ္စည်း​တွေရှိလဲ စပ်စုနေလိုက်တယ် ။ အရင်တစ်ခေါက်က ဝမ်ရီပေါ်ရောက်လာလို့ သေချာမရှာလိုက်ရဘူးလေ ။

The protagonist rebel against the writer [ Completed ] Donde viven las historias. Descúbrelo ahora