''19''

7.3K 994 29
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်ဆွဲခေါ်သွားနောက်ကို ချော်လဲလုမတက်ပါသွားခဲ့တယ် ။ ဝမ်ရီပေါ်က ကျောင်းတော်ကို ပြန်သွားရမဲ့လမ်းအစား ဆန်ကျင်ဘက်ဖြစ်တဲ့ တည်းခိုခန်းတွေရှိတဲ့လမ်းကို ရွေးချယ်ပစ်လိုက်တယ် ။ ဝမ်ရီပ်ါရဲ့ခြေလှမ်းတွေက ချုံးရန်းမြို့ရဲ့အဆင့်အမြင့်ဆုံး​သော အဆောက်အအုံရှေ့မှာပဲရပ်တန့်သွားတယ် ။ အဲ့ဒီအဆောင်က ချုံးရန်းမြို့ရဲ့တန်ဖိုးအကြီးဆုံး အဆောက်အအုံဖြစ်ပြီး ဝူလောင်ဂေယာလို့ လူသိများကြတယ် ။

ကာလဟာလတွေအရ ဝူ​လောင်ဂေယာရဲ့ပိုင်ရှင်က နတ်ဘုရားအဆင့်ကို ​အောင်မြင်စွာတက်ရောက်နိုင်သွားပြီတဲ့ ။ နတ်ဘုရားအဆင့်ဆိုတာက အဆင့်အမြင့်ဆုံးပဲ ။ အဲ့ဒီအဆင့်ထက်ပိုမြင့်တဲ့လူဆိုတာ မရှိနိုင်ဘူး ။ အဲ့တာကြောင့်မို့ ဝူလောင်ဂေယာကို ဘယ်သူမှရန်သွားမစရဲကြ ။ နတ်ဘုရားကျောင်းတော်ကတောင် ဝူလောင်ဂေယာကို ခိုင်မာတဲ့အကြောင်းပြချက်မရှိရင် သွားပြသာနမရှာရဲပေ ။
ွဲ
ပြောကြတာကတော့ ဝူလောင်ဂေယာရဲ့ပိုင်ရှင်က အသက်ထောင်ကျော်ထောင်ရှိနေပြီတဲ့ ။ ဒါပေမဲ့ဘယ်သူမှ အဲ့ဒီလူကိုမမြင်ဖူးဘူး ။ အဲ့ဒီလူက တစ်ခါလေးတောင် လူရှေ့ထွက်မလာခဲ့ဘူးလေ ။ လျို့ဝှက်ဆန်းကြယ်တဲ့ အဲ့ဒီလူကိုယှဉ်နိုင်တဲ့လူက နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်အုပ်ကြီးတစ်ယောက်ပဲရှိတယ် ။ နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကလည်း နတ်ဘုရားအဆင့်မှာရှိနေတယ်လေ ။

ဝူလောင်ဂေယာထဲက အစောင့်တွေက ဝမ်ရီပေါ်ကိုချက်ခြင်းဝင်ခွင့်မပေးချေ ။ သူတို့တွေက ဝမ်ရီပေါ်စီမှာ လုံလောက်တဲ့ငွေပမာဏရှိ၊မရှိကို အရင်စစ်ဆေးနေကြတယ် ။ ဘာလို့လဲဆိုရင် တစ်ချို့သူဌေးတွေတောင်မှ ဝူလောင်ဂေယာမှာ ကုန်ကျမဲ့စရိတ်ကို မတက်နိုင်ဘူးလေ ။ အဲ့တာကြောင့်မို့ အစောင့်တွေက အခုလိုအရင်စစ်ဆေးခြင်းဖြစ်တယ် ။

ဝမ်ရီပေါ်က စိတ်မရှည်တော့တဲ့အတွက် ပထမတန်းစားဝိညာဉ်စွမ်းအင်ကျောက်တုံးကို စားပွဲပေါ်တင်ပေးလိုက်တယ် ။ အစောင့်တွေရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး ဝမ်ရီပေါ်ကို ဘုရင်တစ်ပါးလိုဆက်ဆံလာတော့တယ် ။ ပထမတန်းစားဝိညာဉ်စွမ်းအင်ကျောက်တုံး!! ဒီသတင်းကို သူတို့ရဲ့သခင်လေးစီ အမြန်သွားပို့ပေးရမယ် ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now