''11''

7.1K 1.1K 36
                                    

ကျင်းမုယွမ်က သူ့မကို အကြည့်တစ်ချက်မှမပေးပဲထွက်သွားတဲ့ ခရမ်းရောင်ဝတ်စုံနဲ့ယောကျာ်းကို မျက်တောင်မခတ်ငေးကြည့်နေမိတယ် ။ အဲ့ဒီယောက်ျားက အရမ်းကြည့်ကောင်းပြီးချောလွန်းတယ် ။ သူကဘယ်သူလဲ? ။ သူမ သူ့ကို တစ်ခါမှမမြင်ဖူးဘူး ။ သူ့ဘေးနားကလူကရော ဘယ်သူလဲ? ။ သူတို့က ဘယ်လိုပတ်သတ်မှု့မျိုးလဲ? ။

" သခင်မလေး ဘာဖြစ်လို့လဲ? ''

" ရုံချန် နင် အဲ့ဒီလူနှစ်ယောက်နောက်ကနေ တိတ်တိတ်လေးလိုက်သွားပြီး သူတို့ဘယ်သူတွေလဲ ဘယ်ကလာလဲဆိုတာ စုံစမ်းခဲ့ ။ ငါ သူတို့အကြောင်းသိချင်တယ် ။ အထူးသဖြင့် ခရမ်းရောင်ဝတ်စုံနဲ့လူ ။ အဲ့ဒီလူအကြောင်းကို ငါပိုသိချင်တယ် ''

" ဟုတ်ကဲ့ ''

ကျင်းမုယွမ်က မြွေနဂါးအမြုတေကို သေချာသိမ်းထားလိုက်ပြီး သူမရဲ့အိမ်တော်စီပြန်ဖို့ပြင်လိုက်တယ် ။ ဒီမြွေနဂါးအမြုတေနဲ့ဆိုရင် သူမရဲ့ရောဂါက စိတ်ပူစရာမလိုတော့ဘူး ။ သူမရဲ့အဖေလည်း ဒီသတင်းကိုကြားရင် အင်မတန်ပျော်ရွှင်သွားမှာ ။

ရှောင်ကျန့်က ရုတ်တရက်သူ့ကိုပွေ့ချီလိုက်တဲ့ ဝမ်ရီပေါ်ကြောင့် စိတ်တွေအရမ်းဆိုးလာခဲ့တယ် ။ အဲ့ဒီလူက သူ့ကိုအရမ်းအနိုင်ကျင့်တာပဲ ။ ပြန်ရန်တွေ့ဖို့လုပ်နေတုန်းမှာပဲ

" နောက်မှာ လူလိုက်လာတယ် ။ လိမ်လိမ်မာမာနဲ့စကားနားထောင် ''

" ငါတို့နောက်ကိုလား? "

" အင်း ''

" ဘာလို့လဲ? ငါတို့စီက ပစ္စည်းတွေလုမလို့လား ''

ရှောင်ကျန့်က လေလံအိမ်ကသူဝယ်လာခဲ့တဲ့ ပစ္စည်းတွေကို တွေးမိသွားပြီး စိတ်ဓာတ်ကျချင်လာတယ် ။ ဝမ်ရီပေါ်ကို ကြည့်မရလို့သာ ဒါတွေဝယ်လာတာ ။ အခုတော့ ဓားမြတိုက်ခံရတော့မှာလား ။ ဝမ်ရီပေါ်က မျက်နှာပျက်နေတဲ့ရှောင်ကျန့်ကိုမြင်တော့ နှာခေါင်းလုံးလုံးလေးကိုမနာအောင် တစ်ချက်ကိုက်ဆွဲလိုက်ပြီး

" ကျွန်တော်ရှိနေရင် ခင်များကို ဘယ်သူမှအနိုင်ကျင့်လို့မရဘူး ။ အနိုင်ကျင့်ခွင့်ပေးမှာလည်း မဟုတ်ဘူး ''

The protagonist rebel against the writer [ Completed ] Where stories live. Discover now