''26''

6.4K 1K 16
                                    

ရှောင်ကျန့်က ဘာလို့မှန်းတော့မသိဘူး ။ သူ့ကိုယ်သူ ဒီကမ္ဘာနဲ့အရမ်းရင်းနီးနေတယ်လို့ခံစားနေရတယ် ။ ဒီကမ္ဘာကြီးရဲ့လေထုက သူ့ကိုလန်းဆန်းစေပြီး အားအင်တွေပြည့်ဝလာစေသလိုပဲ ။ သူက ဒီကမ္ဘာက လူသားတစ်ယောက်ဆိုပြီးလားတောင် သံသယဝင်လာခဲ့မိတယ် ။ ဝမ်ရီပေါ်နဲ့ပတ်သတ်ပြီး သူ့မှာမေးခွန်းတွေလည်းအများကြီးရှိတယ် ။ တမင်ထုတ်မမေးပဲ မသိချင်ယောင်ဆောင်နေခဲ့တာပဲရှိတာ ။

ဝမ်ရီပေါ်ကအကြောင်းမရှိပဲ သူ့ကိုအခုလောက်အထိ ချစ်ခင်တွယ်တာပြီး ဂရုစိုက်နေမှာမဟုတ်ဘူး ။ သူက ဝမ်ရီပေါ်နဲ့သေချာပေါက်ကို ပတ်သတ်နေရမယ် ။ သူတစ်ခါတွေးမိခဲ့သလို ဝမ်ရီပေါ်အတွက် သူက အရေးကြီးဆုံးလူသားတောင်ဖြစ်နေနိုင်သေးတယ် ။ ဝမ်ရီပေါ်က သူ့ကိုပြောတယ်လေ ။ အချိန်တန်ရင်တော့ ခင်များသိလာပါလိမ့်မယ်တဲ့ ။

ဝမ်ရီပေါ်နဲ့ သူရဲ့တွေ့ဆုံမှု့က တိုက်ဆိုင်တာမဟုတ်လောက်ဘူး ။ ဝမ်ရီပေါ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာနေမယ် ။ ဝမ်ရီပေါ်က နည်းလမ်းပေါင်းများစွာကိုအသုံးပြုပြီး သူ့စီရောက်လာတာပဲနေမယ် ။ အဲ့ဒီနောက်သူ့နဲအတူ နတ်ဘုရားကမ္ဘာကိုပြန်ဖို့စိတ်ကူးခဲ့တာပဲ ။ ရှောင်ကျန့်က ထပ်မတွေးတော့ဖို့ဆုံးဖြတ်လိုက်တယ် ။ သူတို့က အခုနတ်ဘုရားကမ္ဘာကိုရောက်နေပြီလေ ။

" ဝမ်ရီပေါ် ''

" အင်း ။ ''

" ဒီနေရာက ဘယ်လိုပုံစုံမျိုးလဲဟင်? အာ! ငါပြောချင်က ဘယ်လိုလူတွေက ဒီနေရာမှာရှိနေတာလဲ ။ သူတို့က သာမန်လူသားတွေတော့မဟုတ်လောက်ဘူးမလား? ။ ''

" အင်း ဒီကလူတွေက သာမန်လူသားတွေမဟုတ်ဘူး ။ သူတို့တွေက မသေမျိုးတွေဖြစ်လာအောင် လေ့ကျင့်နိုင်ကြတယ် ။ ပြီးတော့ဒီကမ္ဘာမှာလူသားမျိုးနွယ်စုတစ်စုပဲ ​နေထိုင်တာမဟုတ်ဘူး ။ မျိုးနွယ်စုပေါင်းများစွာရှိတယ် ။ အဲ့ဒီအထဲမှာမှ နတ်ဘုရားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုက ထိပ်တန်းမျိုးနွယ်စုတွေပဲ ။

" နတ်ဆိုးတွေ ! "

" အင်း နတ်ဆိုးတွေ ။ ဒီကမ္ဘာမှာ အဲ့ဒီမျိုးနွယ်စုနှစ်စုက ကျန်တဲ့မျိုးနွယ်စုတွေထက် ပိုကြောက်ဖို့ကောင်းတယ် ။ ''

The protagonist rebel against the writer [ Completed ] Where stories live. Discover now