''37''

6.3K 978 11
                                    

ရှောင်ကျန့်က မှတ်ညဏ်တွေနဲ့ စွမ်းအားတွေကို ပြန်ရလာခဲ့ပေမဲ့ အရင်ကလိုထိပ်ဆုံးအဆင့်ကို ပြန်မရောက်နိုင်ခဲ့ ။ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တာမို့ ဝိညာဉ်ကအားနည်းသွားတယ် ။ အဲ့တာကြောင့်မို့ ရှောင်ကျန့်ရဲ့လက်ရှိခန္ဓာကိုယ်က အရင်ခန္ဓာကိုယ်လောက် မသန်မာပေ ။ ရှောင်ကျန့်က သူ့ရဲ့လက်ရှိအဆင့်ကိုပြန်ရောက်ဖို့အတွက် အချိန်တွေအများကြီးပေးပြီး ပြန်လေ့ကျင့်ရမှာဖြစ်တယ် ။

ဝမ်ရီပေါ်က အဲ့ဒီကိစ္စကြောင့် ရတက်မအေးဖြစ်နေရတယ် ။ သူထင်ထားခဲ့တာက မှတ်ညာဏ်တွေနဲ့စွမ်းအားတွေပြန်ရရင် အရင်လိုပြန်ဖြစ်သွားမယ်ပေါ့ ။ ဒါပေမဲ့ရှောင်ကျန့်က အတိတ်ကရခဲ့တဲ့ဒဏ်ရာတွေကြောင့် အားနည်းသွားခဲ့တယ် ။ သူက ရှောင်ကျန့်ရဲ့အနားမှာ အချိန်ပြည့်ရှိတယ်ဆိုပေမဲ့လည်း စိုးရိမ်နေတုန်းပဲ ။ သူကသာ အစိုးရိမ်လွန်ပြီးစိတ်ပူနေတယ ။ ရှောင်ကျန့်ကတော့ နည်းနည်းလေးတောင်ဂရုမစိုက် ။

ဝမ်ရီပေါ်က သက်ပြင်းပဲချနိုင်တော့တယ် ။ ရှောင်ကျန့်က အရင်လိုလျှောက်မသွားပေမဲ့ ပြသာနာတော့ရှာနေတုန်းပဲ ။ ဝါသနာအသစ်တွေလည်း တိုးလာခဲ့တယ် ။ ဒါကတော့မီးဖိုချောင်တစ်ခုလုံးကို ပြာကျသွားအောင် ဟင်းချက်တာမျိုး ၊ သူချက်ထားတဲ့ ဘာမှန်းမသိတဲ့ဟင်းတွေကို သူ့ကိုအတင်းကျွေးတာမျိုးပေါ့ ။ ဝမ်ရီပေါ်က ထူးဆန်းတဲ့အဲ့ဒီဟင်းတွေကို ဒိုင်ခံစားပေးရတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ် ။

သူက ရှောင်ကျန့်ကို ဝမ်းမနည်းစေချင်ဘူးလေ ။ အဲ့တာကြောင့်မို့ လုံးဝစားလိုမရတဲ့ဟင်းတွေဆိုရင်တောင်မှ မျက်တောင်မခတ်အကုန်စားပစ်လိုက်တယ် ။ ရှောင်ကျန့်ကတော့ သူစားနေတာကို ငုတ်တုတ်လေးထိုင်ကြည့်ပြီး အရသာရှိလားမရှိလားမေးတက်တယ် ။ ပြီးရင်အဲ့ဒီဟင်းတွေကိုလုံးဝမထိ ။ သူချက်ထားတဲ့ ဟင်းတွေပဲစားတယ် ။

ရှောင်ကျန့်ကပြောတယ် ။ သူချက်တဲ့ဟင်းတွေက စားအကောင်းဆုံးပဲတဲ့ ။ အဲ့ဒီအချိန်တွေဆိုရင် ဝမ်ရီပေါ်ကပြုံးမိတယ် ။ အချိန်တွေဘယ်လောက်ကြာကြာ ရှောင်ကျန့်က မပြောင်းမလဲရှိနေတုန်းပဲ ။ ကျန်တဲ့အချိန်တွေဆိုရင် ရှောင်ကျန့်က သူ့ရဲ့စိတ်ဝိညာဉ်နယ်မြေထဲဝင်ပြီး အမြဲတမ်းအိပ်နေတက်တယ် ။ အိပ်ယာနိုးတာနဲ့ သူ့ရဲ့စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို မွှေနှောက်တော့တာပဲ ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now