''7''

7.6K 1.2K 27
                                    

ဝေ့လျုံရီက ဝမ်ရီပေါ်နဲ့ရှောင်ကျန့်ကို သူ့ရဲ့ဝေ့အိမ်တော်စီခေါ်လာခဲ့ပြီး အထူးဧည့်သည်အဆောင်မှာ နေရာချ​ပေးခဲ့တယ် ။ အဲ့ဒီနောက် ဝေ့မိသားစုရဲ့ခေါင်းဆောင်ဖြစ်တဲ့ သူ့အဖေစီသွားကာ သူကြုံတွေ့ခဲ့ရတဲ့အရာအားလုံးကို အသေးစိတ်ကအစသေချာပြောပြလိုက်တယ် ။

" မင်းပြောတာကို နားထောင်ကြည့်ရသလောက်ဆိုရင်တော့ ဝမ်ရီပေါ်က နောက်ပိုင်းတန်ခိုးရှင်ဖြစ်မယ်ထင်တယ် ။ အိမ်သားတွေအကုန်လုံးကို သတိပေးထားလိုက် ။ သူတို့နှစ်ယောက်ကို လုံးဝအပြစ်မပြုမိစေနဲ့လို့ ''

" ကျွန်တော် သူတို့တွေကို သတိပေးထားပြီပါပြီ ''

" အင်း ကောင်းတယ် ။ ''

ဝေ့သခင်ကြီးရဲ့ သူရဲ့ဒုတိယသားကိုကြည့်ပြီး ခေါင်းတစ်ချက်ရမ်းလိုက်တယ် ။ သားသုံးယောက်ထဲမှာ ဒီသားကညဏ်ရည်အထက်မြတ်ဆုံးဖြစ်ပေမဲ့ သိုင်းပညာအဆင့်ကျတော့ တတိယသားလောက်မမြင့်ပေ ။ ပထမသားကျတော့လည်း ရောဂါသည် ။ သူရဲ့မျှော်လင့်ချက်တွေကို ပါရမီရှင်ဖြစ်တဲ့ တတိယသားအပေါ်ပဲ အကုန်ပုံထားခဲ့တာ ။ တတိယသားက ထူးဆန်းပေမဲ့လည်း မိသားစုကိုတော့ ဒုက္ခမပေးနိုင်လောက်ပါဘူး ။

" အဖေ အကိုကြီးရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုနေလဲ ''

" ဟူး! သမားတော်ကတော့ မင်းရဲ့အကိုကြီးကို လက်လျော့ဖို့ပြောနေပြီ ။ မင်းရဲ့အကိုကြီးမှာ မျှော်လင့်ချက်မရှိတော့ဘူးတဲ့ ''

ဝေ့လျုံရီက အဖေဖြစ်သူရဲ့စကားကြောင့် နာကျင်သွားတယ် ။ သူအပေါ်အရမ်းကောင်းပြီး ကြင်နာတက်တဲ့အကိုကြီးက ဘယ်လိုလုပ်ပြီး ဒီအခြေအနေကို ရောက်သွားရတာလဲ? ။ သူရဲ့အကိုကြီးက ဝေ့မိသားစုထဲမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်ခဲ့တာကို သူမှတ်မိနေတုန်းပဲ ။ တကယ်လို့သူရဲ့အကိုကြီးစီမှာသာ ထူးဆန်းတဲ့ရောဂါကြီးဖြစ်မလာခဲ့ရင် သူရဲ့အကိုကြီးက အခုအချိန်ဆို ဝေ့မိသားစုရဲ့အထူးချွန်ဆုံးပါရမီရှင်ဖြစ်နေလောက်ပြီ ။

ရှောင်ကျန့်က အနက်ရောင်ကြာပွင့်ကို လက်ကမချကိုင်ထားတဲ့ဝမ်ရီပေါ်ကြောင့် ဇဝေဇဝါဖြစ်လာတယ် ။ ဒါကအနက်ရောင်ကြာပန်းတစ်ပွင့်ပဲ မဟုတ်ဘူးလား ။ ဝမ်ရီပေါ်က ဘာလို့တန်ဖိုးကြီးရတနာလိုမျိုးကြည့်နေရတာလဲ ။ အနက်ရောင်ကြာပန်းတွေအကုန်လုံးက အတူတူပဲမဟုတ်ဘူးလား ။ ရှောင်ကျန့်က သိချင်စိတ်တွေပြင်းပျလာတဲ့အတွက် မေးဖို့ဆုံးဖြတ်လိုက်တယ် ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now