''14''

6.7K 1K 10
                                    

ရှောင်ကျန့်က အရမ်းစိတ်တိုနေရတယ် ။ သူ့ကိုအခုလိုစိတ်တိုအောင်လုပ်နိုင်တဲ့လူက နှစ်ယောက်မရှိတဲ့ ဒေါ်သထွက်ဖို့ကောင်းတဲ့ ဝမ်ရီပေါ်ဆိုတဲ့လူကလွဲပြီး ဘယ်သူရှိနိုင်မှာလဲ ။ ဝမ်ရီပေါ်က သူ့ကို ဒီစိတ်ဝိညာဉ်နယ်မြေထဲ ဘယ်အချိန်ကထည့်လိုက်တာလဲ ။ သူအိပ်ပျော်နေတဲ့အချိန်ကများလား? ။ မကြိုက်ပါဘူးလို့ပြောထားတာတောင်မှ သူ့စကားကိုအရေးမစိုက်ဘူး ။

" အား! ဝမ်ရီပေါ် အစုတ်ပလုပ်ကောင်! ငါ့မှာစွမ်းအားတွေရှိလာတဲ့နေ့ မင်းသေဖို့ထားပြင်ထား ။ ငါ့ကိုအနိုင်ကျင့်ရဲတယ်ပေါ့! ဟုတ်လား! မင်းကိုအဆတစ်ရာလောက် ပြန်အနိုင်ကျင့်ပစ်မယ် ။ ''

ရှောင်ကျန့်က အရူးတစ်ယောက်လိုအော်ဟစ်ပြီး ခုန်ပေါက်လို့နေတယ် ။ အဲ့ဒီနောက်မှာတော့ တစ်ခုခုကိုသတိရသွားတဲ့ပုံတဲ့ မျက်လုံးတွေကတောက်ပလာတယ် ။ ဟုတ်သားပဲ! သူဘယ်လိုလုပ်ပြီး ဒီအကြောင်းတွေကိုမေ့နေရတာလဲ ။ ဝမ်ရီပေါ်ရဲ့တန်ဖိုးကြီးပစ္စည်းတွေ!! သူ အဲ့ဒီအရာတွေကိုလျောက်ကလိကြည့်ရအုံးမယ် ။

ပြောလို့မရဘူးလေ!! သူလည်းတစ်ခြားစာအုပ်တွေထဲက ဇာတ်ကောင်လိုမျိုး အဖိုးဖြတ်လို့မရတဲ့ ရတနာပစ္စည်းကို တွေ့သွားနိုင်တာပဲ ။ ဒီထက်ပိုပြီးကံကောင်းမယ်ဆိုရင် အဲ့ဒီရတနာပစ္စည်းက သူ့ကိုစွမ်းအားတွေရှိလာအောင် လုပ်ပေးနိုင်လိမ့်မယ် ။ ရှောင်ကျန့်က မျှော်လင့်ချက်တွေပြည့်နက်တွေနဲမျက်လုံးတွေနဲ့ ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်မြေထဲက ရှိသမျှရတနာပစ္စည်းတွေအားလုံးကို တစ်ခုမကျန်လိုက်စစ်ဆေးလို့နေတယ် ။

ရှောင်ကျန့်က မောပြီးပင်ပန်းလာတဲ့အထိ မရပ်မနားကြိုးစားရှာဖွေနေခဲ့တယ် ။ ဒါပေမဲ့စိတ်မကောင်းစရာက သူ့နဲ့အံကိုက်တဲ့ပစ္စည်းမျိုး ဘာဆိုဘာတစ်ခုမှရှိမနေ ။ တကယ်ကြီးသူ့အတွက် ဘာဆိုဘာမှရှိမနေ ။ ရှောင်ကျန့်က ဝမ်နည်းပက်လက်ဖြစ်ပြီး ကလေးလိုအကျယ်ကြီးအော်ငိုပစ်လိုက်တယ် ။ သူကပဲ ကံမကောင်းတာလား ? ။ ကံကောင်းခြင်းတွေကပဲ သူ့ကိုကွက်ပြီးချန်ခဲ့တာလား ။

ဒီအထဲမှာရှိတဲ့အရာအားလုံးက တန်ဖိုးကြီးရတနာပစ္စည်းတွေဖြစ်နေပေမဲ့ သူ့ကိုယ်သူအတွက်တော့ အသုံးပြုလို့မရဘူးလေ ။ ပိုက်ဆံရှာဖို့တစ်မျိုးပဲအဆင်ပြေတာ ။ ဒီဟာတွေက သူ့အတွက်အသုံးမဝင်ဘူး ။ အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်က ဆက်မရှာတော့ဆုံးဖြတ်လိုက်တယ် ။ သူလက်လျော့ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ ထူးဆန်းတာတစ်ခုကိုသတိထားမိသွားတယ် ။

The protagonist rebel against the writer [ Completed ] Where stories live. Discover now