[ 10 ]

6.3K 1.2K 40
                                    

[ Unicode ]

ဒီဇင်ဘာလ ၂၅ ရက်နေ့
ညနေခင်း

အဝတ်အစားတွေတစ်ထည်ပြီးတစ်ထည်
လဲလိုက်၊ပြန်ချွတ်လိုက်နဲ့ Chanyeolရဲ့
ကုတင်ပေါ်မှာ အကျႌတွေက တောင်လိုပုံ
နေလေသည်။

စိတ်တိုင်းမကျတာတော့မဟုတ်။
အရင်နေ့တွေကထက် ပိုပြီးစတိုင်ကျကာ
ကြည့်ကောင်းချင်တာကြောင့်
တစ်ထည်ပြီးတစ်ထည်လဲဝတ်နေရင်း
Chanyeolရဲ့ရှင်းလင်းသပ်ရပ်နေသော
အဝတ်ဗီရိုလေးသည် ဆယ့်ငါးမိနစ်လောက်
အကြာမှာ ဖရိုဖရဲဖြစ်ကုန်တော့သည်။

နောက်ဆုံးမှာတော့ အပြာရောင်အစင်း
စိပ်စိပ်လေးတွေပါဝင်တဲ့ရှပ်အကျႌကို
ရွေးချယ်လိုက်ပြီးကိုယ်ခန္ဓာမှာဆင်မြန်း
ဝတ်ဆင်လိုက်တော့ နဂိုရှိရင်းစွဲရုပ်ရည်က
ပိုပြီးတော့တောင် ခန့်ညားသွားသလိုပင်။

နောက်ဆုံးအနေနဲ့ ဆံပင်ကိုhair up
လုပ်လိုက်ပြီး စာအုပ်စင်နားမှာအသင့်
ထားထားသည့် လက်ဆောင်ခြင်းကြီးကိုဆွဲကာ
အိမ်အောက်ထပ်ကိုဆင်းလာလိုက်လေသည်။

...

လက်ဆောင်ခြင်းကြီးကိုဆွဲကာ လှေကားပေါ်က
နေဆင်းလာတဲ့Chanyeolထံသို့
ဧည့်ခန်းထဲမှာ ကော်ဖီထိုင်သောက်နေကြတဲ့
သုံးယောက်လုံးရဲ့အကြည့်တွေက
စုပြုံရောက်လာလေသည်၊၊

" ဘယ်သွားမလို့လဲ သား ''

" အမေ့ဆီ ''

" ဪ လမ်းကြုံသားပဲ ~ Alex ကိုပါ
ခေါ်သွားပါလား ? သူက Star City Mallကို
သွားချင်တယ်လို့ပြောနေလို့ ''

" Star City ဘက်ကနေမသွားဘူး
ဖြတ်လမ်းကနေသွားမှာ ''

" ဘယ်ဖြတ်လမ်းကသွားသွား
Star City Mallဘက်ကိုမရောက်ရင်တောင်
Luxury City Mall ရှေ့ကနေ
ကျိန်းသေပေါက် ဖြတ်ရမှာပဲမလား

လမ်းကြုံပါတယ်သားရယ် Alexကို
ခေါ်သွားလိုက်ပါ ပြီးတော့ဒီနေ့က
Christmas နေ့ဆိုတော့နှစ်ယောက်
အတူတူလျှောက်လည်ပြီးမှပြန်လာကြလေ ''

Mr. Park ရဲ့စကားကိုနားထောင်နေရင်း
Alexကိုကြည့်လိုက်တော့ အဝတ်အစား
အသစ်တွေဝတ်ထားကာ အပြင်ထွက်ဖို့ကို
့သေသေချာချာလေးပြင်ဆင်ထားပုံပင်။

HIGER [COMPLETED] Where stories live. Discover now