[ 12 ]

6K 1.2K 110
                                    

[ Unicode ]

" ဘယ်ကနေ သဝေထိုးပြီးပြန်လာတာလဲ? "

အိမ်ပြန်ရောက်ရောက်ချင်းမှာပင်
ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့Baekhyun
ရဲ့အမေ၏မျက်နှာသည်ခက်ထန်နေသလို
အသံကလည်းမာထန်နေသည်။

" ဘယ်နှနာရီရှိနေပြီလဲ Byun Baekhyun? "

Baekhyun ကတိုင်ကပ်နာရီကို
လှမ်းကြည့်လိုက်ပြီးပုံမှန်လေသံဖြင့်ပဲပြန်ဖြေလိုက်သည်။

" ကိုးနာရီပဲရှိသေးတယ် ''

" ဘာ!  ကိုးနာရီပဲရှိသေးတယ်ဟုတ်လား?
ကိုးနာရီတောင်ရှိနေပြီ ဟဲ့ !
ကိုးနာရီတောင်ရှိနေပြီ ''

" အဲ့ဒါ ဘာဖြစ်လို့လဲ ''

" ဘာဖြစ်ရမှာလဲ? ဒီအချိန်က
ကျောင်းသားတစ်ယောက်ပြန်လာရမယ့်အချိန်လား? "

Baekhyun ကစိတ်ပျက်သလိုပုံစံဖြင့်
မျက်ဝန်းတွေကိုမှိတ်ချလိုက်လေသည်။
ထို့နောက် အမေဖြစ်သူကိုဘာမှလည်း
ပြောမနေတော့ဘဲ သူ့အခန်းရှိရာ
အပေါ်ထပ်သို့ပဲ တက်သွားလိုက်သည်။

ဧည့်ခန်းထဲက အမေဖြစ်သူရဲ့အော်သံကတော့
သူနဲ့တဖြည်းဖြည်းချင်းဝေးကွာလာတော့လေသည်။

အိပ်ခန်းထဲသို့ရောက်တာနှင့်တစ်ပြိုင်နက်
အခန်းတံခါးကို လော့ချလိုက်ပြီး
ကုတင်ပေါ်သို့ခုန်တက်လိုက်ကာ
မှောက်လျက်သား လှဲနေလိုက်သည်။

Baekhyun အခုလို အိမ်ပြန်နောက်ကျရတာကလည်းဟိုလူကြောင့်။

ကားလာနေသည့်အချိန်၌ ထိုသူကို
ကားရှေ့ကိုတွန်းပို့လိုက်ပြီး မသိချင်ယောင်ဆောင်
လျစ်လျူရှုကာထိုနေရာကနေထွက်လာပြီးမှ
Baekhyun ရဲ့ဦးနှောက်က ထိုနေရာသို့
ပြန်သွားရန်အကြိမ်ကြိမ်အမိန့်ပေးစေခိုင်းနေသလို
Baekhyun ရဲ့ဖြေထောက်တွေကလည်း
သူကိုယ်တိုင်မသိလိုက်ဘဲနဲ့ကားဂိတ်သို့ပြန်ရောက်လာခဲ့သည်။

ဘယ်လောက်ပဲ မုန်းစရာကောင်းကောင်း။
တာဝန်တော့ မမဲ့သင့်။

ကားရှေ့ကိုတွန်းပို့ပြီးသည့်နောက်မှာ
အနည်းဆုံးတော့ ဆေးရုံကားလေးတော့
ခေါ်ပေးသင့်သည်ဟုတွေးမိတာကြောင့်
ကားဂိတ်ကိုသူပြန်ရောက်လာခဲ့သည်။

HIGER [COMPLETED] Where stories live. Discover now