24/6

5K 988 118
                                    

(U)

'' မင်း ကြိုက်သလောက်ကိုက် Kyoong ''

လည်တိုင်ကို လှစ်ဟကာပြသည့် Chanyeol ကြောင့် Baekhyun ခေါင်းကို အနောက်သို့ရုတ်လိုက်သည်။

Park Chanyeolက နေ့လည်တည်းက ရေချိုးထားတာ၊

အခု ညနေစောင်းနေပြီဆိုတော့ နေ့လည်ကနေညနေ
ဒီကာလအတွင်းမှာ ချွေးထွက်မှာက မလွဲမသွေ။

Chanyeol ၏ပြောင်ရှင်းနေသော လည်တိုင်ကိုကြည့်ပြီး Baekhyun မျက်လုံးကို စုံမှိတ်လိုက်သည်။

ဘက်တီးရီးယားပိုးမွှားတွေဆိုတာ သာမန်မျက်လုံးဖြင့် မြင်နိုင်တဲ့အရာမဟုတ်။ Park Chanyeol ရဲ့လည်ပင်းမှာ
ဘက်တီးရီးယားပိုးမွှားတွေမရှိဘူးလို့ မပြောနိုင်။

'' ဟင့်အင်း ဟင့်အင်း ဂျီးတွေမစုပ်ချင်ဘူး ''

အကြောက်အကန်ငြင်းနေသည့် Baekhyunကို ငုံ့ကြည့်ကာ Chanyeol ရယ်မောမိလိုက်သည်၊၊

ဘယ်လိုကောင်လေးလဲ ?

မျက်လုံးကိုစုံမှိတ်၊ လက်သီးဆုပ်ပြီး ခုန်ဆွခုန်ဆွလုပ်ပြီး ငြင်းနေတာ။

ခုနကကျတော့ လက်တည့်စမ်းဖို့ကြံနေပြီး အခုမှ အသည်းအသန်ငြင်းဆန်နေသည်တဲ့လား။

အသည်းယားလွန်းတာကြောင့် ရင်ခွင်ထဲမှာထည့်ကာ ခပ်တင်းတင်း ဖက်မိလိုက်တော့ ကောင်ဆိုးလေးက Chanyeol ရင်ဘတ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် အတင်းတွန်းထုတ်ပြန်သည်။

'' လည်ပင်းကဂျီးတွေမစုပ်ပေးလို့ နို့အတင်းတိုက်နေသလား မှတ်ရတယ် ဘယ်လိုဖြစ်နေတာလဲ ''

တနင့်တပိုး၊တစ်လုံးတစ်ခဲကြီး ပြောချသွားတဲ့ Baekhyun ကြောင့် Chanyeol မှာအရယ်မရပ်တော့။

ထိုနေရာကနေ မထွက်လာခင်မှာ Baekhyun ကိုလက်ညှိုးထိုးပြပြီး ကြောင်ကြည့်နေတဲ့အတွဲကို မမေ့မလျော့ပြောခဲ့ပါသေးသည်။

နဲကောရား...ဟူ၍။

...

လောကကြီးကိုစိတ်ကုန်နေသော မျက်နှာပေးဖြင့် မွေ့ယာပေါ်မှာ ခြေကားရားလက်ကားရားဖြင့် Baekhyun လှဲနေမိသည်။

ညနေခြောက်နာရီတည်းက ရေချိုးခန်းထဲကိုဝင်သွားတဲ့ Park Chanyeol ဟာ ညခုနစ်နာရီထိုးသည့်တိုင် ရေချိုးခန်းထဲက ထွက်မလာသေးပေ။

HIGER [COMPLETED] Where stories live. Discover now