24/3

5K 1K 41
                                    

[ Unicode ]

ညတစ်နာရီထိုးနေပြီဖြစ်တာကြောင့် Chanyeol ခြေသံ လုံးဝမကြားရအောင် သတိထားပြီးနင်းကာ အခန်းတံခါးကိုဖွင့်လိုက်သည်။

စောင်တွေအကုန် ကန်ထုတ်ထားသည့် Baekhyun သည် ချမ်းနေသည့်ဟန် ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေသည်။ အနီရောင်ညအိပ်ဝတ်စုံဝတ်ထားပြီး တစွန်းတစပေါ်နေသည့် ဖြူဖြူဖွေးဖွေးလက်မောင်းလုံးလေးတွေကြောင့် အဝေးကနေလှမ်းကြည့်လိုက်ရင် ပုစွန်ထုပ်ကလေးလိုပင်။

ကုတင်ခြေရင်းမှာ အပုံသားရောထွေးကျနေသည့်စောင်တွေကို Chanyeol ကောက်လိုက်ပြီး Baekhyun ရဲ့ကိုယ်ပေါ်မှာ လွှားကာခြုံပေးလိုက်သည်၊ ထို့နောက် တစ်နေကုန်နီးပါးမတွေ့ရတဲ့ Baekhyun ရဲ့မျက်နှာလေးကို တစိမ့်စိမ့် ကြည့်နေလိုက်သည်။

နှုတ်ခမ်းပါးလေးရဲ့အပေါ်က မှဲ့နက်သေးသေးလေးကို ထိရန်လက်ရွယ်လိုက်ပြီးမှ Chanyeol လက်ကိုပြန်ရုတ်လိုက်သည်။

Baekhyun အအိပ်ဆတ်လား၊ မဆတ်လား သေချာမသိပေမယ့် သူ့ကြောင့် Baekhyun နိုးသွားမှာစိုးသည်။

ဝှစ် !

Baekhyun က Chanyeol ခြုံပေးထားတဲ့ စောင်တွေကိုကန်ကာ ကုတင်ခြေရင်းကိုပြန်လွှင့်ပစ်လိုက်သည်။ ဘေးတစောင်းလှဲအိပ်နေရာကနေ ပက်လက်အနေအထားပြောင်းပြီး အိပ်နေတာကြောင့် ကြယ်သီးနှစ်လုံးဖြုတ်ထားတဲ့ ရင်ဘတ်နေရာက ချယ်ရီသီးလေးတွေကို အထင်းသားမြင်နေရသည်။

Chanyeol ကုတင်ဘေးနားမှာ ထိုင်နေကနေ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီး Baekhyun ရဲ့ညအိပ်ဝတ်စုံက ပြုတ်နေတဲ့ကြယ်သီးတွေကို ပြန်တပ်ပေးလိုက်သည်။
Baekhyun ရဲ့မျက်နှာကို ငုံ့ကြည့်လိုက်တော့ ကလေးတစ်ယောက်သဖွယ် အပူအပင်မရှိ အေးချမ်းစွာအိပ်ပျော်နေသည်။

ဘုရားသခင်သည် ဒီကောင်လေးကိုဖန်ဆင်းတုန်းက အချိန်တွေ ဘယ်လောက်ကြာကြာလောက် ယူခဲ့ရမလဲ?

လူကို ပေစောင်းစောင်းကြည့်တတ်သည့် မျက်ဝန်းလေးတွေသည် အိပ်စက်နေချိန်မှာတောင် မြတ်နိုးချင်စရာအတိ၊ ဒီနှာခါင်းလုံးလုံးလေးက Alex နှင့်သူ့ကိုတွဲမြင်လိုက်ရင် နှာခေါင်းရှုံ့ပြတတ်သေးသည်။ ဘောက်ဆတ်ဆတ် ပြန်ပြောတတ်သည့်နှုတ်ခမ်းလေးတွေကလည်း Chanyeolကို ချစ်တယ်ဟု တစ်ခါမျှတောင် ထုတ်မပြောသေး။

HIGER [COMPLETED] Unde poveștirile trăiesc. Descoperă acum