[ 15 ]

6.5K 1.3K 111
                                    

[ Unicode ]

" ထမင်းလည်းကောင်းကောင်းမစားပါလား?
ဟင်းတွေက အရသာမရှိလို့လား Alex?
နေမကောင်းလို့လား?  "

မလှုပ်မယှက်ငိုင်ငိုင်ကြီး စားနေသည့်
Alex၏အမူအရာကို Alex၏အမေRinaက
သတိထားမိတာကြောင့် သားဖြစ်သူရဲ့
နဖူးပြင်ပေါ်လက်ဖဝါးတင်ကာ
ကိုယ်ပူမပူစမ်းနေလေသည်။

" ကိုယ်လည်းမပူပါဘူး ဘာလို့လဲ? "

" Alexလေးက ဒီဟင်းတွေကို မကြိုက်လို့လား?
ဒါဆို ညနေကျရင် Daddyနဲ့Mommyရယ်
Alexနဲ့Chanyeol ရယ် လေးယောက်သား
အတူတူစားသောက်ဆိုင်တစ်ခုခုမှာသွားစားကြမလား? "

Chanyeolရဲ့အဖေ CEO Park၏
လောကွတ်ချော်သည့်စကားကြောင့်
Alexကထခုန်မိမတတ်ပင်ချက်ချင်းပင်
ပျော်သွားလေသည်။

ထို့နောက် Alexကချက်ချင်းခေါင်းမငြိမ့်သေးဘဲ
Chanyeolရဲ့မျက်နှာကိုအကဲခတ်သလိုပုံစံဖြင့်
လှမ်းကြည့်လိုက်သေးသည်။

ထမင်းကိုသာငုံ့ပြီးစားနေသည့်Chanyeolက
ငြင်းဆိုမည့်အရိပ်အယောင် လုံးဝမရှိတာ
သေချာတော့မှ ရှက်ပြုံးလေးဖြင့်ခေါင်းငြိမ့်ကာ
သဘောတူလိုက်လေသည်။

" ဪ မေ့တော့မလို့ ~
ဒီမှာ Alexလေး အတွက် ''

အလျားခြောက်လက်မခွဲလောက်ရှိမည့်
လက်ဆောင်ဘူးသေးသေးလေးကို
မျက်စိရှေ့မှောက်သို့အရောက်ပေးနေသည့်
Chanyeolရဲ့အဖေကြောင့်
Alexကအူတူတူပုံစံလေးဖြင့် လက်ဆောင်ဘူးလေးကို
လှမ်းယူကာဖွင့်လိုက်လေသည်။

" phone? "

" အင်း ဖုန်းအသစ်လေ
Alex လေးရဲ့ဖုန်းကကွဲသွားတယ်ဆို
အဲ့ဒါကြောင့် Daddyကဖုန်းအသစ်ဝယ်ပေးတာ ''

Alexကပြောင်လက်နေသောဖုန်း screen
ကိုကြည့်နေရင်း လက်သီးဆုပ်မိလိုက်လေသည်။
Chanyeolကမွေးနေ့လက်ဆောင်အဖြစ်
ဝယ်ပေးထားသည့်ဖုန်းကို သုံးစားလို့မရအောင်
ဖျက်ဆီးလိုက်သော Baekhyun ၏မျက်နှာက
အတွေးထဲပေါ်လာတိုင်း Baekhyun ကို
မုန်းသည့်အမုန်းတွေကပို၍ပင်တိုးတိုးလာသည်။

Byun Baekhyun ဆိုသည့်နာမည်ကိုလည်းမုန်းသည်။ByunBaekhyunဆိုသည့်လူကိုပို၍ပင်မုန်းသေးသည်။Park Chanyeol ၏ချစ်သူ Byun Baekhyun ဆိုတာကိုတော့ အမုန်းဆုံးပင်ဖြစ်သည်။

HIGER [COMPLETED] Där berättelser lever. Upptäck nu