24/5

5.1K 911 80
                                    

[ U ]

ရှေ့တည့်တည့်ကို လာချသွားတဲ့
ပန်းကန်ထဲက Pie လေးတွေကို
Baekhyun သေချာကြည့်နေမိသည်။

'' beef meat pie လေ၊ Kyoong ကို
ဝယ်ကျွေးမယ်လို့ပြောထားတဲ့ဟာ..
meat pieက ဒီ Australia မှာတင်
နာမည်ကြီးတာမဟုတ်ဘူး New Zealand တို့ Canada တို့မှာလည်း နာမည်ကြီးတဲ့
အစားအသောက်ပဲ၊ South Africa နဲ့ Europe
ဘက်မှာလည်း နာမည်ကြီးတယ် ''

'' နာမည်သာကြီးတယ် မုန့်ကျတော့မကြီးဘူးနော်
  သေးသေးလေး ''

Baekhyunက လက်တစ်ဆုပ်စာပဲရှိသည့်
meat pie လေးကို ပါးစပ်ထဲ အကုန်ထည့်လိုက်သည်။

'' အရသာရှိသားပဲ ''

ကလေးပေါက်စလေးလို တမြုံ့မြုံ့ဝါးနေတဲ့
Baekhyun ကိုကြည့်ကာ ဝန်ထမ်းလေးကို
နောက်တစ်ပန်းကန်ထပ်ချပေးရန်
Chanyeol အချက်ပြလိုက်သည်။

'' ဖုန်းလာနေတယ် ကိုင်လိုက်ဦး ''

Baekhyunက ပလုတ်ပလောင်းစားနေရင်း
မေးဆတ်ပြသည်။

'' ဟုတ်ကဲ့ အဖေ ''

အလောသုံးဆယ်ဖုန်းကိုင်လိုက်ပြီး ပြန်ဖြေသည့်
အသံအနေအထားကအစ လေးစားမှုအပြည့်ပင်။

ဟုတ်ကဲ့ ဆိုတဲ့စကားကို Baekhyun စိတ်မဝင်စား။

အဖေဟုခေါ်လိုက်တဲ့ Chanyeol ၏အသံ
ကြားလိုက်သည်နှင့် Baekhyun ဆတ်ခနဲပင်
ခေါင်းထောင်လိုက်သည်။

'' သိပါတယ် ''

Chanyeol ရဲ့မျက်နှာက ရုတ်တရက်
ငိုင်ကျသွားသည်ကို Baekhyun မြင်နေရသည်။

'' အင်း သန်ဘက်ခါ ပြန်ရောက်မယ် ''

Chanyeol ရဲ့အဖေ CEO Park က
ဘာပြောလိုက်လဲတော့မသိ၊ Chanyeol က Baekhyun ကို လှမ်းကြည့်လိုက်ပြီး ပြန်ဖြေသည်။

'' ဘေးနားမှာ ရှိတယ် '' ဟူ၍ ... ။

'' ပေး ! ''

Chanyeol လက်ထဲကဖုန်းကို
Baekhyunဆွဲလုလိုက်ပြီး ညာဘက်,နားမှာ
ကပ်ကာနားထောင်လိုက်သည်။

'' တစ်ပတ်အတွင်း Mr. Blake ရဲ့
လက်မှတ်မရရင် Alex နဲ့လက်ထပ်ရမယ်ဆိုတာ
သဘောတူပြီးသားပဲနော် Chanyeol .
အဲ့ Byun Baekhyun ဆိုတဲ့ ကောင်စုတ်လေးနဲ့
မြန်မြန်အဆက်ဖြတ်လိုက်စမ်းပါ !
အဲ့ကောင်လေးက လာဘ်ပိတ်တယ်  ''

HIGER [COMPLETED] Donde viven las historias. Descúbrelo ahora