[ 1 ]

10.4K 1.3K 113
                                    

[ Zawgyi ]

Shirtအဖြူ Style Pantအနက်
ဝတ်ထားသောကျောင်းသားတွေအကုန်လုံးရဲ့
အာရုံက သူတို့နှစ်ယောက်ဆီမှာ
ရောက်နေကြသည်။

ထူးထူးခြားခြားတော့မဟုတ်.
အမြဲတမ်းရန်ဖြစ်လေ့ဖြစ်ထရှိသော
ထိုနှစ်ယောက်က နေ့တိုင်းကိစ္စတစ်ခုမဟုတ်
တစ်ခုနဲ့တော့ငြိကြမြဲ ဖြစ်သည်။

" ငါ့နေရာကဖယ်ပေး Byun Baekhyun! "

" ဒီခုံကို မင်းပိုင်လို့လား?ပြီးတော့
ခုံမှာရော မင်းနာမည်ထွင်းထားလို့လား Alex? "

စာရေးခုံထောင့်စွန်းလေးကို လက်ညှိုးလေးနဲ့
အသာထိတွေ့ကာ Baekhyun က
မျက်ခုံးပင့်ပြီးမေးလိုက်လေသည်။

" ရှည်ရှည်ဝေးဝေးတွေမပြောချင်ဘူး
ဖယ်ဆိုဖယ်လိုက်! "

Tempo တဖြည်းဖြည်းမြင့်လာသော
ရန်ပွဲဖြစ်သော်လည်း ဘယ်သူကမှ
ဝင်မဆွဲကြ၊။မသိချင်ယောင်ဆောင်နေကာ
အသာလေး နားပဲစွင့်နေကြသည်။

လင်မယားကြားဝင်ပါတာထက်
သူတို့နှစ်ယောက်ရဲ့ရန်ပွဲကြားဝင်ဆွဲတဲ့
သူတိုင်းကလည်း ဆေးရုံကိုရောက်စမြဲ
ဖြစ်သောကြောင့် နောက်နောင်သူတို့နှစ်ယောက်
ရန်ဖြစ်တိုင်း ဆရာ၊ဆရာမတွေအပါအဝင်
ဘယ်သူမှ မဆွဲရဲကြပေ။

" Byun Baekhyun!
ငါစကားကို ရှည်ရှည်ဝေးဝေးမပြောချင်ဘူး
ဖယ်ဆိုဖယ်လိုက်! "

" မဖယ်ပေးနိုင်ဘူးဆိုရင်ကော ?''

" ဟားဟား ရတယ်လေ! "

Alexကသူ့စာရေးစားပွဲပေါ်မှာတင်ထားသည့်
Baekhyun ရဲ့စာအုပ်တွေကိုယူပြီး
ကျောင်းဝရံတာကနေ ပစ်ချလိုက်သည်။

" ဟာ! "

တစ်ခန်းလုံးက ဟာခနဲဟင်ခနဲအသံတွေ
ထွက်လာပေမဲ့ Baekhyunကတော့
ဘာမှမဖြစ်သောပုံစံဖြင့် ထိုနေရာ၌ထိုင်နေမြဲ
ထိုင်နေလေသည်။

" ဘယ်လိုလုပ်မလဲ ?
မင်းစာအုပ်တွေကိုငါလွှင့်ပစ်လိုက်ပြီ! "

စာသင်ချိန်မှာတစ်လုံးမှရေရေရာရာ
လိုက်မရေးသော Baekhyunအတွက်
သူ့စာအုပ်တွေယူလွှင့်ပစ်လိုက်ခြင်းက
ဘာမှထွေထွေထူးထူးမဖြစ်စေခဲ့။

" ကျေးဇူးပဲ Alex
မင်းကြောင့် ငါ့လွယ်အိတ်ပေါ့သွားပြီ! "

ခပ်ထေ့ထေ့မျက်နှာထားဖြင့်
မျက်လုံးတစ်ဖက်မှိတ်ပြကာပြောနေသော
Baekhyunကို ဆွဲထိုးချင်တဲ့စိတ်အား
အတင်းလျှော့ချလိုက်ပြီး Alexကနောက်ဆုံးတန်းမှာပဲ
ဝင်ထိုင်လိုက်တော့သည်။

HIGER [COMPLETED] Where stories live. Discover now