24/2

4.9K 943 36
                                    

[ Unicode ]

ကျိုးတိုးကျဲတဲခန်းစီးစတွေရဲ့ကြားကနေ ဖြတ်ဖောက်ဝင်ရောက်လာသော မနက်ခင်းနေရောင်ခြည်သည် Baekhyun မျက်နှာပေါ်ကို တည့်တည့်ပင်ကျရောက်လာသည်။

မျက်လုံးစူးကာ ဆက်အိပ်လို့မရတော့သည့်အဆုံးမှာ Baekhyun ထထိုင်လိုက်ရတော့သည်။

အခန်းပတ်လည်ကို မျက်လုံးဝေ့ကြည့်တော့မှ ဟိုတယ်ရောက်နေမှန်းသိတော့သည်။ဟိုတယ်သို့ဘယ်လိုဘယ်ပုံရောက်လာလဲတောင် Baekhyun မမှတ်မိတော့၊ ကားပေါ်မှာအိပ်ပျော်သွားတာပဲ သူမှတ်မိသည်၊

ရှေ့တည့်တည့်ကို ကြည့်လိုက်တော့ သူအိပ်နေတဲ့ဘက်ကိုကျောပေးကာ မတ်တပ်ရပ်နေသော Chanyeol ကိုတွေ့လိုက်ရသည်။

'' holy !  ကျွန်တော် အကြာကြီးအိပ်ပျော်သွားတာလား ''

Baekhyun အသံကြားသောအခါ Chanyeol ကချက်ချင်း လှည့်ကြည့်လာသည်။မျက်လုံးစူးလို့ မျက်မှောင်ကြုတ်ထားသော Baekhyun ရဲ့မျက်နှာကိုငေးကြည့်ကာ နှုတ်ခမ်းတွန့်ရုံမျှသာ ပြုံးပြသည်။

'' ကိုယ် ခဏနေအပြင်သွားရမယ် Kyoong ၊မနက်စာလည်း အဆင်သင့်ပဲ ကိုယ်မှာပေးထားတယ်၊ ကိုယ်မှာပေးထားတာတွေကို မစားချင်ရင်လည်း ဒီဟိုတယ်ကစာဖိုမှူးတွေကို စားချင်တာသာ လုပ်ခိုင်းလိုက်လို့ရတယ် ''

Chanyeol ရဲ့ပုံစံက အလျင်လိုနေသည့်ပုံစံပေါက်နေတဲ့အပြင် စကားပြောနေတုန်းမှာလည်း လက်ပတ်နာရီကိုလည်းတကြည့်ကြည့်လုပ်နေလေသည်။ ထို့ပြင် ဝတ်စုံပြည့် သပ်သပ်ရပ်ရပ်ဝတ်စားထားတာကြောင့်တစ်စုံတစ်ယောက်နဲ့ ချိန်းထားသည့်ဟန် ပေါ်လွင်နေသည်။

'' ခင်ဗျား ကျွန်တော့်ကို မီးပိုင်း ကျွေးမယ်လို့ပြောထားသေးတယ်လေ၊ ကျွန်တော်အခုချက်ချင်း အဲ့ဒါစားချင်တယ် ''

'' chef တွေလုပ်ပေးလိမ့်မယ် Kyoong ''

စာရွက်စာတမ်းတွေကိုပဲ သေချာအာရုံစူးစိုက်ကာ အိတ်ထဲထည့်နေသည့် Chanyeol ကြောင့် Baekhyun စိတ်ထဲ ဘဝင်မကျဖြစ်သွားရသည်။

'' ကျွန်တော်က ခင်ဗျားလုပ်ပေးတာကို စားချင်တာ ''

'' ကိုယ်မှ မလုပ်တတ်တာ၊ ကိုယ်သွားတော့မယ်၊
အလုပ်ကိစ္စတွေမှာ အချိန်ကနည်းနည်းလေးမှ နောက်ကျလို့မရတာ Kyoong သိတယ်ဟုတ်? ''

HIGER [COMPLETED] Where stories live. Discover now