[ 13 ]

6K 1.2K 71
                                    

[ Unicode ]

နာရီပေးသည့်နေ့ကတည်းက
Park Chanyeol ဟုခေါ်ဆိုသောလူသားကို Baekhyunမတွေ့ရတော့တာသုံးရက်တိတိ
ကြာမြင့်ခဲ့လေပြီဖြစ်သည်။

အရင်နေ့တွေတုန်းက မြင်ပြင်းကပ်ရလောက်တဲ့
အထိသူ့အနောက်ကိုသာတကောက်ကောက်လိုက်
နေသည့်ထိုသူကို အခုချိန်တွင်ဘယ်နေရာသို့
ပြေးရှာရမလဲမသိတော့။

နာမည်တောင် Martin ပြောမှသိတာ
ဖြစ်တာကြောင့် ထိုသူ၏နေရပ်လိပ်စာ၊
ထိုသူ၏အလုပ်အကိုင် ယုတ်စွအဆုံး
ထိုသူ၏ ဖုန်းနံပါတ်တောင် Baekhyun မသိရ။

" နာရီ!  Park Chanyeol ဆိုတဲ့ဘဲကြီး
ဘယ်မှာရှိလဲဆိုတာသိလား? "

BaekhyunကChanyeolကိုယ်တိုင်
ဝတ်ပေးထားသောသူ့လက်ကနာရီကိုကြည့်ကာ
ခပ်တိုးတိုးရေရွတ်မိလိုက်သည်။

" တစ်ယောက်တည်း နာရီနဲ့စကားပြောနေတာလား? "

ဘေးနားကခုံမှာ Martinဝင်ထိုင်လိုက်တာသိပေမဲ့ Baekhyun ကသူ့နာရီကိုသူ အကြည့်လုံးဝမလွှဲမိသေး။ Martin ကတော့သူ့ရဲ့ပင်ကိုစတိုင်အတိုင်း
မျက်မှန်တပ်ထားပြီး လက်ထဲမှာလည်း
စာအုပ်နှစ်အုပ်သုံးအုပ်လောက်က ပါလာသေးသည်။

" ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ ''

Baekhyun ကစကားကိုပြည့်ပြည့်စုံစုံ
မရှင်းပြပေမဲ့ ဘာကိုဆိုလိုချင်နေလဲဆိုတာ
Martinကချက်ချင်းဆိုသလိုတန်းသဘောပေါက်လိုက်သည်။

" ဒါပေမဲ့ ငါလုံးဝအလျှော့မပေးဘူး!
အဲ့ဒီ့ Park Alex ရဲ့ချစ်သူ
Park Chanyeol ဆိုတဲ့တစ်ယောက်ကို
ငါ့ရဲ့ ချစ်သူမဖြစ်ဖြစ်အောင်လုပ်မှာ...
တစ်ပတ်အတွင်း ''

Baekhyun ရဲ့ ဆုံးဖြတ်ချက်ကို
Martinက ငြိမ်ငြိမ်လေးနားထောင်နေရင်း
Alex ကိုလှမ်းပြီးကြည့်လိုက်သည်။

သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာရယ်မောစကားပြောနေတဲ့သူက အခုထိအနာဂတ်မှာဘာဖြစ်မလဲဆိုတာ မှန်းဆမိပုံမရသေး။

" တစ်ပတ်ဆိုတာ အချိန်မနည်းလွန်းဘူးလား?
  လူတစ်ယောက်ရဲ့ နှလုံးသားကိုအပိုင်ရဖို့အတွက်လေ ''

Baekhyunက ရေးလက်စpenကို
အချိုးအဆစ်ပြေပြစ်စွာသွယ်လျနေသော
လက်ချောင်းတွေကြားလှလှပပကစားလိုက်ပြီး
Martin ကိုငဲ့ကြည့်လိုက်သည်။

HIGER [COMPLETED] Where stories live. Discover now